အောင်ပန်းမြို့အထွက် သရက်ပုအဆင်းလမ်းတွင် ယာဉ်တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်

Photo: အောင်ပန်းနာရေးကူညီမှုအသင်း
Photo: အောင်ပန်းနာရေးကူညီမှုအသင်း
အောင်ပန်းမြို့အထွက် သရက်ပုအဆင်းလမ်းတွင် ယာဉ်တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်
ဖေဖော်ဝါရီ 6, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်း - တောင်ကြီးသွားလမ်းပေါ်ရှိ သရက်ပုအဆင်းလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး မတော်တဆဖြစ်ကာ တိမ်းမှောက်၍ ယာဉ်မောင်းနှင့် ခရီးသည် အပါအဝင် (၂)ဦး ဒဏ်ရာ အနည်းငယ် ရရှိကြောင်း သိရသည်။

အောင်ပန်းမြို့အထွက်ရှိ သရက်ပုအဆင်းလမ်းတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၆)ရက် နံနက်(၅)နာရီခွဲဝန်းကျင်အချိန်က လမ်းစလစ်ဖြစ်ကာ လမ်းနဘေးသို့ တိမ်းမှောက်သွားခြင်းကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် (၁၀)ဦးအနက် ယာဉ်မောင်း နှင့် ခရီးသည် အပါအဝင် (၂)ဦး ဒဏ်ရာအနည်းအငယ်ရရှိ၍ အောင်ပန်းနာရေးကူညီမှုအသင်းက ဟဲဟိုးဆေးရုံမှတဆင့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံသို့ ဆက်လက် ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် မိုးတဖွဲဖွဲကျထားသည့်အတွက် ယာဉ်များအနေဖြင့် အရှိန်လွန်မှုများနှင့်အတူ  စလစ်မဖြစ်ရန် သတိထားဖို့လိုအပ်သည်ဟုလည်း ဒေသခံများက သတိပေးစကားဆိုသည်။ 

#TachileikNewsAgency