ဆောမြို့တွင် USDP ပါတီရုံး အပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံး(၉)ရုံး မီးလောင်

Photo: CJ
Photo: CJ
ဆောမြို့တွင် USDP ပါတီရုံး အပါအဝင် စစ်ကောင်စီလက်အောက်ခံ ရုံး(၉)ရုံး မီးလောင်
ဖေဖော်ဝါရီ 4, 2022 | အခြားဒေသများ

မကွေးတိုင်းအတွင်း၊ ဆောမြို့တွင် USDP ရုံး နှင့်  မီးသတ်၊ သစ်တော၊ စည်ပင်ရုံး၊ စာရင်းစစ်ရုံး နှင့် စိုက်ပျိုးရေးရုံး အပါအဝင် ရုံး(၉)ရုံးကို  ဒေသကာကွယ်ရေးအဖွဲ့များက  မီးရှို့လိုက်ကြောင်း သိရသည်။

၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ အကူးပိုင်းအချိန်က စပြီး မီးရှို့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သည်ဟုလည်း သိရသည်။

 



 

ပြည်သူ့လစာရယူပြီး ပြည်သူဘက် မရပ်တည်သည့် Non-CDM များကို အရေးယူမည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်များကလည်း ကြိုတင်အသိပေးထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။