ကနီ ရဲစခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်များ ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ

ကနီ ရဲစခန်းကို  ပြည်သူ့ကာကွယ်ရေးတပ်များ ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ
ဖေဖော်ဝါရီ 3, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့ ဖေဖော်ဝါရီလ(၃)ရက်၊ ညနေပိုင်းက ဒရုန်းဖြင့် (၂)ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KLG PDF က သတင်းထုတ်ပြန်လာသည်။

ယင်းတိုက်ခိုက်မှုကို KLG PDF နှင့် မဟာမိတ်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲများ အထိအခိုက်အကျအဆုံးကို မသိရသေးဟု ဆိုသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စစ်မှုထမ်းဟောင်းများ  နေထိုင်သည့် အောင်ဇေယျကွက်သစ် ( ဒေသ ခေါ်  ရွှေတောင်ဦးကုန်း)က  စစ်ဆေးရေးဂိတ်ကိုလည်း ဖေဖော်ဝါရီ(၁)ရက် ၊ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရခြင်း‌ကြောင့် စစ်ကောင်စီတပ်သား အများအပြား သေဆုံးထိခိုက်ခဲ့သေးသည်။