မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ တောနင်းနေပြီး အဝိုင်းခံရစဉ် မြိုင် PDF နှစ်ဦး ကိုယ့်ကိုယ် မိုင်းခွဲပြီး အဆုံးစီရင်သွား

မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်၏ တောနင်းနေပြီး အဝိုင်းခံရစဉ် မြိုင် PDF နှစ်ဦး ကိုယ့်ကိုယ် မိုင်းခွဲပြီး အဆုံးစီရင်သွား
ဇန်နဝါရီ 10, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် တောနင်း၍ စစ်ကြောင်းထိုးနေပြီး  အာဏာသိမ်းစစ်တပ် အဝိုင်းခံရသည့် မြိုင်ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦး မိမိကိုယ်ကို မိုင်းခွဲကာ အဆုံးစီရင် သွားကြကြောင်း သိရသည်။

ဗဟင်းလမ်းရှိ သက္ကယ်ကန်ရွာအနီးတွင် Myaing PDF မှ ရဲဘော်၂ ယောက်သည် စခများ၏ ဝိုင်းဝန်းမှုကို ခံရသဖြင့် မိုင်းများဖြင့် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ပါသည်။ Myaing PDF မှ ကျဆုံးရဲဘော်၂ ဦးအား သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ရှိပါသည်။  မိဘပြည်သူများအနေဖြင့် စခများနှင့် လုံခြုံသောနေရာများတွင် နေထိုင်ကြပါရန် သတိပေး မေတ္တာရပ်ခံအပ်ပါသည်။

ဟု မြိုင် PDF က သတင်းထုတ်ပြန်ထားသည်။ 

အာဏာသိမ်းစစ်တပ်က ယနေ့ နံနက်အစောပိုင်းကတည်းက မြိုင်မြို့နယ်အအတွင်းကို လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်၍ ထိုးစစ်ဆင်နေပြီး ညနေပိုင်းတွင် မြိုင်မြို့နယ်တောင်ဘက် ကိုင်းတောလမ်းမတွင် အာဏာသိမ်းစစ်တပ်အင်အား (၅၀) ခန့်၊ အနောက်ဗဟင်းလမ်းတွင် အာဏာသိမ်းစစ်တပ် (၁၀၀)ခန့်နှင့် မြောက်ဘက် မင်းသားကျလမ်းတွင် အာဏာသိမ်းစစ်တပ် (၈၀)ခန့်စီပါသည့် တပ်ဖွဲ့များဖြင့် တောနင်းနေကြကြောင်း သိရသည်။

အများပြည်သူအနေဖြင့် ဘေးကင်းလုံခြုံရေးအတွက် သတိထားနေထိုင်ကြရန် မြိုင် PDF က သတိပေးနှိုးဆော်ထားပြီး ဒေသကာကွယ်ရေးအဖွဲ့များကို အာဏာသိမ်းစစ်တပ်၏လှုပ်ရှားမှုသတင်းများပေးခြင်း၊ ငွေအား၊ လူအားထောက်ပံ့ခြင်းဖြင့် ကူညီကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency