နမ့်စန်လေတပ်စခန်းဌာနချုပ်မှ စစ်လေယာဉ်များ မြောက်ဘက်သို့ (၁၀)စီးဝန်းကျင် ဦးတည် ထွက်ခွာသွား

နမ့်စန်လေတပ်စခန်းဌာနချုပ်မှ စစ်လေယာဉ်များ မြောက်ဘက်သို့ (၁၀)စီးဝန်းကျင် ဦးတည် ထွက်ခွာသွား
ဇန်နဝါရီ 5, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့ရှိ အာဏာသိမ်းစစ်တပ်၏ လေတပ်စခန်းမှ စစ်ရဟတ်ယာဉ်များ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ နံနက်(၁၀)နာရီကျော်က မြို့၏ မြောက်ဘက်သို့ ဆက်တိုက် ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။

"ရဟတ်ယာဉ်တွေရော၊ ဗုံးကြဲလေယာဉ်တွေရော မြောက်ဘက်ကို ဆက်တိုက်ပဲသွားနေတယ်။ (၁၀)စီးလောက်ရှိပြီ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

နမ့်စန်လေတပ်မှ ရဟတ်ယာဉ်နှင့်စစ်လေယာဉ်များမှ ပြီးခဲ့သည့် ရက်ပိုင်းက ငြိမ်နေသော်လည်း ယနေ့မှာ အစီးရေအများအပြား ပျံသန်းသွားနေခြင်း ဖြစ်ကြောင်း သိရသည်။



#TachileikNewsAgency