အာဏာသိမ်းစစ်တပ်က  လေးကေ့ကော်ကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ညတွင်းချင်း ထွက်ပြေးကြရသည့် မြန်မာစစ်ရှောင်ပြည်သူများကို ထိုင်းစစ်တပ်က သောင်ရင်းမြစ်ကမ်းအထိ လာကြိုပေး

ညတွင်းချင်း ထိုင်းဘက်အခြမ်းသို့ ထွက်ပြေးနေရသည့် မြန်မာ စစ်ဘေးရှောင်ပြည်သူများ

ဒီဇင်ဘာ 24, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်တပ်က ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု လုပ်သဖြင့် ဒေသခံများ ထိုင်းဘက်ခြမ်းကို ထွက်ပြေးကြရရာ ထိုင်းနယ်ခြားစောင့်စစ်တပ်က တစ်ဖက် သောင်ရင်းမြစ်ကမ်းမှ ကြိုဆိုခေါ်ဆောင်ပေးကြကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်သဖြင့် မင်းလက်ပံနှင့် ဖလူးဒေသခံများသည် ညအမှောင်ထဲတွင် နယ်ခြားသောင်ရင်းမြစ်ကို ဖြတ်ကူးကြရရာ ထိုင်းနယ်ခြားစောင့်တပ်က တစ်ဖက် မြစ်ကမ်းအထိ မော်တော်ယာဉ်များဖြင့် လာကြိုပေးကာ ယာယီစစ်ရှောင်စခန်းသို့ ပို့ဆောင်ပေးထားခြင်းဖြစ်ကြောင်း ဒေသအခြေစိုက်သတင်းမီဒီယာများက ဖေါ်ပြထားသည်။

ကရင်ပြည်နယ်အတွင်း KNU နယ်မြေ လေးကေ့ကော်ကို အာဏာသိမ်းစစ်တပ်က နယ်မြေကျော်ဝင်၍ တိုက်ခိုက်ရာမှ တိုက်ပွဲများစတင်ဖြစ်ပွားလာ၍ ဒေသခံများသည် နယ်စပ်သောင်ရင်းမြစ်ကိုဖြတ်၍ ထိုင်းဘက်ထွက်ပြေးတိမ်းရှောင်ကြရရာ ထိုင်းနိုင်ငံက လူသားချင်းစာနာမှုအကူအညီများပေးထားပြီး ယာယီစစ်ရှောင်စခန်းတစ်ခုကို ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

Photo: ကရင်အမျိုးသား မီဒီယာ