ဖောင်းဒိုင်းအဖွဲ့က ဖမ်းမိသည့် မှောင်ခိုသစ်များကို မီးရှို့ဖျက်ဆီးပြီး မှောင်ခိုထပ်မလုပ်ရန် သတိပေး

ဖောင်းဒိုင်းအဖွဲ့က ဖမ်းမိသည့် မှောင်ခိုသစ်များကို မီးရှို့ဖျက်ဆီးပြီး မှောင်ခိုထပ်မလုပ်ရန် သတိပေး
ဒီဇင်ဘာ 13, 2021 | အခြားဒေသများ

စစ်ကိုင်းတိုင်းအတွင်း ခရိုင်ချင်းဆက်လမ်းတွင် ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့ နေ့လယ်ပ (၁၁)နာရီခွဲဝန်းကျင်က သစ်မှောင်ခိုသယ်လာသည့် ကားတစ်စီးကို ဖမ်းမိသဖြင့်  ဖမ်းမိသစ်များကို မီးရှို့ဖျက်ဆီးကာ ကားနှင့်ကားသမားကို မှောင်ခို ထပ်မသယ်ရန် သတိပေး၍ ပြန်လွှတ်ကြောင်း သိရသည်။

နိုင်ငံတကာဥပဒေများအရ မှောင်ခို သစ်တောထွက်ပစ္စည်းများကို ဖမ်းမိပါက သွယ်ဝိုက်သောနည်းဖြင့် အားပေးမှုဖြစ်စေသည့် ပြန်လည်ရောင်းဝယ်သုံးစွဲမှုကို မပြုလုပ်စေဘဲ မီးရှို့ဖျက်ဆီးရန် ပြဌာန်းထားခြင်းဖြစ်သည်။ 

စစ်ကိုင်းတိုင်းအတွင်း သစ်မှောင်ခိုသယ်ခြင်း မပြုလုပ်ကြရန် ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သည့် ဖောင်းဒိုင်း  ဖောင်းဒိုင်း ဖောင်းဒိုင်းအဖွဲ့က သတိပေးထားသည်။