ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအပါအဝင် နိုင်ကျဉ်း ၈၉ ဦးကို အင်းစိန်ထောင်တွင် တိုက်ပိတ်

ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌအပါအဝင် နိုင်ကျဉ်း ၈၉ ဦးကို အင်းစိန်ထောင်တွင် တိုက်ပိတ်
By Tachileik News Agency

Silent Day တွင် အင်းစိန်ထောင်တွင်းမှနေ၍ သွေးသစ္စာသီချင်းသီဆိုရာတွင် ပါဝင်ခဲ့ကြသည့် ဗကသများအဖွဲ့ချုပ် ဒုဥက္ကဌ ကိုဝေယံဖြိုးမိုး အပါအဝင် နိုင်ငံရေးအကျဉ်းသား (၈၉) ဦးကို ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရကြောင်း ဗကသများအဖွဲ့ချုပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့က တစ်နိုင်ငံလုံး အသံတိတ်သပိတ်ပြုလုပ်ကြချိန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသီချင်းသီဆိုမှုဖြင့် နိုင်ငံရေးအကျဉ်းသား (၈၉) ယောက်ကို အင်းစိန်သီးသန့်ထောင်မှ ပင်မအကျဉ်းထောင်ကို ရွှေ့ပြောင်းခဲ့ပြီး ရွှေ့ပြောင်းချိန်တွင် ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

လက်ရှိတွင် အဆိုပါ နိုင်ငံရေးအကျဉ်းသား (၈၉) ဦးအား တိုက်ပိတ်ထားကြောင်း သိရသည်။

လူ့အခွင့်အရေးနေ့က ထောင်တွင်းမှ သွေးသစ္စာသီချင်းသီဆိုမှုကြောင့် ထောင်ဝင်စာလည်း ပိတ်ထားခဲ့ခြင်းဖြစ်သည်။