သက္ကလ နှင့် ခရမ်းအကြား ဇွဲတွန်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ နှင့်  ပြည်သူ့ကာကွယ်ရေးတပ်ကြား ပစ်ခတ်မှုဖြစ်ပွား

သက္ကလ နှင့် ခရမ်းအကြား ဇွဲတွန်စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ နှင့်  ပြည်သူ့ကာကွယ်ရေးတပ်ကြား ပစ်ခတ်မှုဖြစ်ပွား
ဧပြီ 13, 2022 | အခြားဒေသများ

ပဲခူးတိုင်း၊ သက္ကလမြို့နှင့် ရန်ကုန်တိုင်း၊ ခရမ်းမြို့ကြားရှိ ဇွဲတွန်စစ်ဆေးရေးဂိတ်တွင်ရှိနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများ‌နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ၂၀၂၂ ခုနှစ် ဧပြီလ (၁၃) ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ကြောင်း ခရမ်းမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဇွဲတွန်စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရမှုကြောင့် အုန်းနှဲဘက်မှ စစ်ကောင်စီတပ်အကူများ ရောက်ရှိလာကာ သက္ကလမြို့၊ ရဲစခန်းရှေ့ရှိလမ်းကိုလည်း ပိတ်ထားကာ ဘန်ကာများပြင်ဆင်နေကြကြောင်း သိရသည်။

ယင်းအပြင် သက္ကလမြို့မှ မဂ္ဂဘင်းကျေးရွာဘက်အထွက် လမ်းတွင်လည်း လှည့်ကင်း၊ ကင်းပုန်းများလုပ်ဆောင်ထားကြောင်း သိရသည်။

ယင်းတိုက်ခိုက်ခံရမှုကြောင့် အာဏာသိမ်းစစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း သိရသည်။

 

#TachileikNewsAgency