တာလေမြို့တွင် လျှပ်စစ်မီးသွယ်တန်းမှု လုပ်ငန်းဆောင်ရွက်နေသည့် လာအိုနိုင်ငံသားတစ်ဦး ဓါတ်လိုက်သေဆုံး

တာလေမြို့တွင် လျှပ်စစ်မီးသွယ်တန်းမှု လုပ်ငန်းဆောင်ရွက်နေသည့် လာအိုနိုင်ငံသားတစ်ဦး ဓါတ်လိုက်သေဆုံး
မေ 2, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖွေးဟိုင်းကျေးရွာတွင် လျှပ်စစ်မီး သွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်နေသူ လာအိုနိုင်ငံသားတစ်ဦး ဓါတ်လိုက်၍ သေဆုံးမှု ၂၀၁၈ခုနှစ် မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၃၀)၀န်းကျင်ရှိ လာအိုနိုင်ငံ ဟွေဟိုင်းမြို့တွင် နေထိုင်သူ အိုက်နန်ဆိုသူဖြစ်ပြီး ၎င်းသည် လာအိုနိုင်ငံဘက်မှ တရားဝင် သွယ်တန်းကာ လာအိုနိုင်ငံ MCM ကုမ္ပဏီ နှင့် မြန်မာဘက်မှ ချင်းလုံထုတ်လုပ်မှုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့်  လျှပ်စစ်မီးအား တာလေမြို့တွင်းသို့ ဖြန့်ဖြူးပေးရန် လျှပ်စစ်မီး သွယ်တန်းနေစဉ် "ဟိန်းဟိန်းဟိန်း"ရေအားလျှပ်စစ်၏ လျှပ်စစ်ဓါတ်အားကြိုးအား ထိမိရာမှ ဓါတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ ဖွေးဟိုင်းကျေးရွာတွင် လျှပ်စစ်မီး သွယ်တန်းသည့် လုပ်ငန်းဆောင်ရွက်နေသူ လာအိုနိုင်ငံသားတစ်ဦး ဓာတ်လိုက်၍ သေဆုံးမှု ၂၀၁၈ခုနှစ် မေလ(၂)ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူသည် အသက်(၃၀)ဝန်းကျင်ရှိ လာအိုနိုင်ငံ ဟွေဟိုင်းမြို့တွင် နေထိုင်သူ အိုက်နန်ဆိုသူဖြစ်ပြီး၎င်းသည် လာအိုနိုင်ငံဘက်မှ တရားဝင် သွယ်တန်းကာ လာအိုနိုင်ငံ MCM ကုမ္ပဏီ နှင့် မြန်မာဘက်မှ ချင်းလုံထုတ်လုပ်မှုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေသည့် လျှပ်စစ်မီးအား တာလမြေို့တွင်းသို့ ဖြန့်ဖြူးပေးရန် လျှပ်စစ်မီး သွယ်တန်းနေစဉ် "ဟိန်းဟိန်းဟိန်း"ရေအားလျှပ်စစ်၏ လျှပ်စစ်ဓာတ်အားကြိုးအား ထိမိရာမှ ဓာတ်လိုက်သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

"ရေအားလျှပ်စစ်မီးပေးထားတဲ့ ဓာတ်တိုင်နားမှာ လာလုပ်တာ၊ အဲ့ဒီတော့ ရေအားလျှပ်စစ်က ပေးထားတဲ့ ဓာတ်ကြိုးကို ထိမိပြီး အခုလို ဖြစ်သွားတာလို့ သိရတယ်၊ သေဆုံးသူက လာအိုနိုင်ငံသားလို့ သိရပါတယ်ဗျ"ဟု ကျေးရွာနေ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းလင်းနယ်မြေရဲစခန်းတွင် အမှတ်စဉ် ၂/၂၀၁၈ ဖြင့် အမှုဖွင့်လှစ်ထားရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~