အာဏာသိမ်းအဖွဲ့က ဦးဖြိုးဇေယျာသော်အား လက်နက်များဖြင့် ဖမ်းမိသည်ဟု သတင်းထုတ်ပြန်

အာဏာသိမ်းအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည့် ဦးဖြိုးဇေယျာသော်၏ ပုံဖြစ်သည်
အာဏာသိမ်းအဖွဲ့က နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်လာသည့် ဦးဖြိုးဇေယျာသော်၏ ပုံဖြစ်သည်
အာဏာသိမ်းအဖွဲ့က ဦးဖြိုးဇေယျာသော်အား လက်နက်များဖြင့် ဖမ်းမိသည်ဟု သတင်းထုတ်ပြန်
By Tachileik News Agency

အာဏာသိမ်းအဖွဲ့က NLD ဗဟိုကော်မတီဝင် ဦးဖြိုးဇေယျာသော်အား ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ရတနာနှင်းဆီအိမ်ရာမှ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဖမ်းဆီးထားသည်ဟု ယနေ့ သတင်းထုတ်ပြန်လာသည်။

ယမန်နေ့က အဆိုပါအိမ်ရာမှ လူ (၃) ဦးအား အင်္ကျီများဖြင့် မျက်နှာအားဖုံးအုပ်၍ အာဏာသိမ်းအဖွဲ့က ဖမ်းခေါ်သွားသည်ဟု သတင်းများထွက်ခဲ့ပြီး ယနေ့ အာဏာသိမ်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဦးဖြိုးဇေယျာသော်တစ်ဦိးကိုသာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့က ယခင်ကတည်းက စွပ်စွဲချက်များစွာဖြင့် ဖေါ်ပြနေခြင်းဖြစ်ပြီး ယနေ့ သတင်းထုတ်ပြန်ချက်တွင်လည်း ဦးဖြိုးဇေယျာသော်အား လက်နက်များနှင့်အတူ ဖမ်းမိသည်ဟု ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယမန်နေ့က ဦးဖြိုးဇေယျာသော်အား ဖမ်းဆီးပြီး ရေကြည်အိုင်သို့ ပို့၍စစ်ဆေးနေသည်ဟု သတင်းများထွက်လာပြီး ဦးဖြိုးဇေယျာသော်၏ အစ်မဖြစ်သူ ခင်ပပသော်အားလည်း အာဏာသိမ်းအဖွဲ့က ယနေ့ ထပ်မံဖမ်းဆီးသည်ဟု  သတင်းများထွက်နေသည်။



အလားတူ ရန်ကုန်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများနှင့် ပတ်သက်သည်ဟုစွပ်စွဲကာ အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် လူငယ် (၄၇)ဦးရှိကြောင်းလည်း နိုဝင်ဘာလ (၁၇) ရက်နေ့က သတင်းထုတ်ထားပြီး အဆိုပါလူငယ်များမှာ ဦးဖြိုးဇေယျာသော်နှင့် ဆက်စပ်သည်ဟုလည်း အာဏာသိမ်းအဖွဲ့က စွပ်စွဲထားသည်။