ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၁၀)ဦးသေ၊ ကရင်နီတပ်မတော်ဘက်က (၁)ဦး ကျ

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၁၀)ဦးသေ၊ ကရင်နီတပ်မတော်ဘက်က (၁)ဦး ကျ
နိုဝင်ဘာ 5, 2021 | ကယား

 ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ် စက်တော်ကျေးရွာတိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၁၀)ဦးသေဆုံးခဲ့ပြီး ကရင်နီတပ်မတော်ဘက် ရဲဘော်(၁)ဦး ကျဆုံးသွားကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က သတင်းထုတ်ပြန်လာသည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအုပ်စု၊ စက်တော်ကျေးရွာအတွင်း ပြင်းထန်သည့် တိုက်ပွဲသည် အချိန်(၇)နာရီနီးပါအကြား ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက် (၁၀)ဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိသူများကြောင်း နှင့် ကရင်နီတပ်မတော်(KA)ဘက်က ရဲဘော်(၁)ဦး ကျဆုံးကာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်တပ်ဘက်က သာလွန်သည့် လူအင်အား လက်နက်အင်အားများဖြင့် တိုးစစ်ဆင်ကာ ကောင်းအိကျေးရွာအုပ်စုအတွင်း  နယ်မြေစိုးမိုးရေးအတွက် အပြင်းအထန်ထိုးစစ်ဆင်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency