နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရပြီး ကျန်သည့် တပ်ဖွဲ့ဝင်များကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေ

နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရပြီး ကျန်သည့် တပ်ဖွဲ့ဝင်များကို လိုက်လံ ရှာဖွေ ဖမ်းဆီးနေ
နိုဝင်ဘာ 5, 2021 | အခြားဒေသများ

 မန္တလေးတိုင်းအခြေစိုက် နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံထားရပြီး ကျန်းရှိသူများကိုလည်း လိုက်လံ ရှာဖွေ ဖမ်းဆီးနေကြောင်း ယနေ့  ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် သတင်းများထွက်ပေါ်နေသည်။

နိုဝင်ဘာလ(၃)ရက်နေ့က ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်တွင် လူငယ်(၂)ဦး ဖမ်းဆီးခံရပြီးနောက် နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ကိုဒီပါဇိုးလေးဆိုသူနှင့် အဖွဲ့သားများ ဆက်လက် ဖမ်းခံရပြီး ဖောက်ခွဲရေးပစ္စည်းများ အပါအဝင် ငွေသားသိန်း(၂၀)ကျော်လည်း ပါသွားကြောင်း သိရသည်။ 

ကျန်ရှိသူများကိုလည်း လိုက်လံရှာဖွေ ဖမ်းဆီးနေသည့်အတွက် အမြန်ရှောင်ကြရန် နှင့်  နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့ Naungyoe People's Guerrilla Force (N.P.G.F)၏ လူမှုကွန်ယက်စာမျက်နှာမှ ဆက်သွယ်ခြင်းများ မလုပ်ကြရန် ဒေသခံများ အချင်းချင်း သတိပေးထားသည်ကိုလည်း တွေ့ရသည်။

 

နောင်ရိုးပြည်သူ့ပြောက်ကျားတပ်ဖွဲ့ ကို ၂၀၂၀ခုနှစ် အောက်တိုဘာလ (၁၈ )ရက်နေ့က စတင်ဖွဲ့စည်းထားခြင်းဖြစ်သည်။