မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၂၈၄)မြို့နယ်ရှိ စာသင်ကျောင်းများကို နိုဝင်ဘာလ(၁)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့ ကြေညာ

မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၂၈၄)မြို့နယ်ရှိ စာသင်ကျောင်းများကို နိုဝင်ဘာလ(၁)ရက်နေ့က စ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့ ကြေညာ
အောက်တိုဘာ 28, 2021 | ပညာရေး

မြန်မာနိုင်ငံအတွင်း မြို့နယ်ပေါင်း (၃၃၀)အနက် (၄၆)မြို့နယ်မှလွဲ၍ ကျန်သည့် မြို့နယ်ပေါင်း(၂၈၄)မြို့နယ်တွင် စာသင်ကျောင်းများအား ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့က စ၍  ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့က ယနေ့ အောက်တိုဘာလ(၂၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

ဖော်ပြပါ (၄၆)မြို့နယ်ရှိ ကျောင်းများအား ဆက်လက်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးထားသည်။

ရှမ်းပြည်နယ်အတွင်းအနေဖြင့် မြို့နယ်ပေါင်း (၅၅)မြို့နယ်အနက် (၂၆)မြို့နယ်ရှိ စာသင်ကျောင်းများကို ဆက်လက် ပိတ်ထားမည်ဖြစ်ပြီး တာချီလိတ်မြို့နယ်အပါအဝင် မြို့နယ်ပေါင်း (၂၉)မြို့နယ်မှ ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်များထဲတွင် မြို့နယ်ခွဲများဖြစ်သည့် မြို့များလည်း အပါအဝင်ဖြစ်သည်။