အာဏာသိမ်းခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးတက်ခွင့် မပေးခြင်းအား များစွာစိတ်မကောင်းကြောင်း ဒေါ်သက်သက်ခိုင်၏ မဲမနိုင် PPP ပါတီက ထုတ်ပြန်

အာဏာသိမ်းခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးတက်ခွင့် မပေးခြင်းအား များစွာစိတ်မကောင်းကြောင်း ဒေါ်သက်သက်ခိုင်၏ မဲမနိုင် PPP ပါတီက ထုတ်ပြန်
အောက်တိုဘာ 24, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီ၏ လူမှုရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည့် ဒေါ်သက်သက်ခိုင်၏ PPP (ပြည်သူ့ရှေ့ဆောင်ပါတီ) က အာဆီယံအနေဖြင့် ထိပ်သီးအစည်းအဝေးသို့ အာဏာသိမ်းခေါင်းဆောင်အား တက်ခွင့်မပေးခြင်းအား များစွာစိတ်မကောင်းကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လာသည်။

မိမိတို့နိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများကို အပြုသဘောဆောင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဆက်လက်ပံ့ပိုးကူညီပါရန် မေတ္တာရပ်ခံပါသည်ဟုလည်း ဖေါ်ပြထားသည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့ပြီး ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ကိုတည်ထောင်၍ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည့် ဒေါ်သက်သက်ခိုင်သည် အာဏာသိမ်းအဖွဲ့၏ စစ်ကောင်စီတွင် ပါဝင်လာပြီး လူမှုရေးဝန်ကြီးအဖြစ် တာဝန်ယူထားသူဖြစ်သည်။

#TachileikNewsAgency