အာဏာသိမ်းထားချိန်အတွင်း တပ်မြေမှ ကျူးများကိုရှင်းပြီး တပ်မြေအမည်ပေါက်ရေး တွန်းအားပေး လုပ်ကြရန် တပ်တွင်း ညွှန်ကြားမှု ပေါက်ကြား

အာဏာသိမ်းထားချိန်အတွင်း တပ်မြေမှ ကျူးများကိုရှင်းပြီး တပ်မြေအမည်ပေါက်ရေး တွန်းအားပေး လုပ်ကြရန် တပ်တွင်း ညွှန်ကြားမှု ပေါက်ကြား
အောက်တိုဘာ 11, 2021 | အခြားဒေသများ

အာဏာသိမ်းစစ်ကောင်စီတပ်၏ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်နယ်များရှိ တပ်မြေများတွင် ကျူးကျော်နေထိုင်သူများကို လက်ရှိအခွင့်အရေးရချိန်တွင် ဖယ်ရှားရှင်းလင်းကြရန်နှင့် တပ်မြေ အမည်မပေါက်သေးသည့် မြေများကို တွန်းအားပေး၍ တပ်မြေအမည်ပေါက်လုပ်ကြရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။

ယခုကဲ့သို့အခြေအနေ ဖန်တီးနိုင်စွမ်းရှိသည့်အချိန်တွင် အခွင့်အရေးကိုအခြေခံ၍ ကျူးကျော်နေထိုင်သူများအား ရှင်းလင်းရမည်ဖြစ်ပြီး ရှင်းလင်းပြီးအခြေအနေကို အမြန်တင်ပြရမည်ဟု ဆိုသည်။

ပြင်ဦးလွင်တပ်နယ် ကပစ (၂၄)တွင် တပ်ပိုင်မြေကျူးရှင်းလင်းခြင်းကို အမြန်ဆုံးဖယ်ရှား ရှင်းလင်းရန်ကိုလည်း ပေါက်ကြားလာသည့် တပ်နယ်များသို့ ညွှန်ကြားစာတွင် ဖေါ်ပြထားသည်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးကိုယ်စား တိုင်းဦးစီးချုပ်က တိုင်းတပ်နယ်မှူးများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၈) ရက်နေ့ ညနေ (၃)နာရီအချိန်တွင် video conferencing ဖြင့် ညွှန်ကြားစာ ပေါက်ကြားလာခြင်းဖြစ်သည်။





ဆက်စပ်သတင်း

ဘုန်းကြီးကျောင်းများတွင် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းဖြင့် တန်ပြန်ဝါဒဖြန့်ရေး တပ်တွင်းညွှန်ကြားချက် အပြင်သို့ ပေါက်ကြား