လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် တရားမဝင် အလုပ်သမားများခန့်အပ်သည့် ဆိုင်ခန်း၊ ကုမ္ပဏီများကို ပိတ်သိမ်းအရေးယူခံရမည်

လာအိုနိုင်ငံ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် တရားမဝင် အလုပ်သမားများခန့်အပ်သည့် ဆိုင်ခန်း၊ ကုမ္ပဏီများကို ပိတ်သိမ်းအရေးယူခံရမည်
သြဂုတ် 19, 2021 | နိုင်ငံတကာသတင်း

လာအိုနိုင်ငံ၊ ရွှေတြိဂံအထူးစီးပွားရေးဇုန်ရှိ ပြည်တွင်းပြည်ပ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များအနေဖြင့် တရားမဝင် အလုပ်သမားများ ခေါ်ယူခန့်ထားခြင်း မပြုရန်နှင့် လိုက်နာခြင်းမရှိပါက ပိတ်သိမ်းသည်အထိ အရေးယူမည်ဟု ဘိုကျောက်ပြည်နယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုရုံးက ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၈) ရက်နေ့တွင် အကြောင်းကြားထားကြောင်း သိရသည်။

အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်နေသည့် မည်သည့်ကုမ္ပဏီ၊ မည်သည့်စီးပွားရေးလုပ်ငန်းမဆို ခရိုင်စီမံခန့်ခွဲမှုကော်မတီက အတည်ပြုပြီးမှသာ ပြည်တွင်း၊ ပြည်ပအလုပ်သားများကို ငှားရမ်းနိုင်မည်ဖြစ်ပြီး အလုပ်ခေါ်မည့် ကုမ္ပဏီ၊ လုပ်ငန်းအနေဖြင့် ခန့်အပ်သည့် အလုပ်သမားများတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထားများ ပြည့်စုံစွာရှိရမည်ဟု လာအို စီမံကိန်းနှင့် ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ညွှန်ကြားထားသည်။

တရားမဝင်အလုပ်သမားများ ခန့်ထားသည့် ကုမ္ပဏီ၊ လုပ်ငန်းများ၊ ဆိုင်ခန်းများကို စစ်ဆေးတွေ့ရှိပါက ပိတ်သိမ်းခံရမည်ဟု သတိပေးထားသည်။