အလံဖြူထောင်ထားသည့် ဘုရားကျောင်းကို အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

အလံဖြူထောင်ထားသည့် ဘုရားကျောင်းကို အာဏာသိမ်းအကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်
ဇွန် 6, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့ပေါ် ဒေါငံခါးရပ်ကွက်ရှိ အလံဖြူထောင်ထားသော ဘုရားကျောင်းအနီး အာဏာသိမ်းအကြမ်းဖက်စစ်ကော​င်စီ၏ တပ်များမှ တပ်စွဲ၍ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ဘုရားကျောင်းထိမှန်  ပျက်ဆီးသွားကြောင်းသိရသည်။

ယနေ့ ၂၀၂၁ခုနှစ် ဇွန်လ(၆)ရက်နေ့ နံနက် (၆)နာရီကျော်မှစ၍ ဒီးမော့ဆိုမြို့ ဒေါငံခါးရပ်ကွက် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF) နှင့် အကြမ်းဖက်စစ်ကောင်စီ တပ်တို့ လက်ရှိချိန်ထိ တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များမှ အလံဖြူထောင်ထားသော ဘုရားကျောင်းအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ဘုရားကျောင်းနားထိ သူတို့ရောက်လာပြီး တပ်ဆွဲထားတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ဘုရားကျောင်းထဲ ကျပြီး ထိခိုက်ပျက်ဆီးတာတွေ ဖြစ်တယ်။ ဘာသာရေးအဆောက်အဦးကို ရည်ရွယ်ချက် ရှိရှိ ပစ်ခဲ့တာပါ။

ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များမှ အင်အားအလုံးအရင်းဖြင့် ဒေါငံခါး ရပ်ကွက်တွင်းသို့ ဝင်ရောက်ကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပျက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်း အနီးတွင်လည်း တပ်ဆွဲထားကာ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းသိရသည်။

Phot: CJ