ကျောက်မဲမြို့ အမက(၈)အနီးတွေ့ရသည့် မသင်္ကာစရာ အထုပ်မဲတစ်ထုပ်ကို မရှင်းလင်းသေးဘဲ (၆)ရက်ကြာသည်အထိ တာယာနှင့် စွပ်ထား

ကျောက်မဲမြို့ အမက(၈)အနီးတွေ့ရသည့် မသင်္ကာစရာ အထုပ်မဲတစ်ထုပ်ကို မရှင်းလင်းသေးဘဲ (၆)ရက်ကြာသည်အထိ တာယာနှင့် စွပ်ထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ် (၈) အခြေခံပညာ မူလတန်းကျောင်းအနီးတွင် ၂၀၂၁ ခုနှစ်၊ မေလ (၂၂) ရက်နေ့တည်းက တွေ့ရှိထားသော အထုပ်မဲတစ်ထုပ်ကို အာဏာသိမ်းစစ်ကောင်စီ၏တပ်နှင့်ရဲအဖွဲ့က  (၆) ရက်ကြာသည်အထိ မရှင်းလင်းဘဲ ကားတာယာဖြင့်စွပ်ထားကြောင်း သိရသည်။

ကျောက်မဲမြို့တွင် မေလ (၂၁) ရက်နေ့ညပိုင်းကတည်းက အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့်ရဲအဖွဲ့တို့က လှည်ပတ်စစ်ဆေးမှုများ လုပ်ရင်း အရပ်သားအချို့ ရိုက်နှိက်စစ်ဆေးခံခဲ့ရပြီးနောက် ပိတောက်လမ်းရှိ ထရန်စဖော်မာတစ်ခုနှင့် စာသင်ကျောင်းအနီးတွင် မေလ (၂၂) ရက်နေ့ နံနက်ပိုင်း၌ အထုပ်မည်းတစ်ထုပ်ကို တွေ့ရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲက အဆိုပါ အထုပ်မည်းကို ကားတာယာများဖြင့် စွပ်ထားကာ ပင်လုံလမ်းမကြီးနှင့် ပိတောက်လမ်းဆုံရာကို ဘယ်ရီဂိတ်များဖြင့် ပိတ်ထားခြင်းဖြစ်သည်။

စာသင်ကျောင်းအနီးတွေ့ရသည့် အဆိုပါ အထုပ်မည်းကို ရှင်းလင်းခြင်းမရှိသေးသော်လည်း မေလ (၂၄) ရက်နေ့က ကျောင်းဖွင့်ပြီး ကျောင်းအပ်လက်ခံနေကြောင်း သိရသည်။