ဒီးမော့ဆိုမြို့ ညောင်ကိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ကား (၃)စီး မီးလောင်ပြီး အကျဆုံးများရှိ

ဒီးမော့ဆိုမြို့ ညောင်ကိုင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ကား (၃)စီး မီးလောင်ပြီး အကျဆုံးများရှိ
မေ 21, 2021 | ကယား

ကယားပြည်နယ် ၊ ဒီးမော့ဆိုမြို့ နယ် ဒေါခလိုက်လင်းရွာအနီး ညောင်ကိုင်းတွင် စစ်ကောင်စီ တပ်နှင့် ဒေသခံများ တိုက်ပွဲ ဖြစ်ပွားနေရာ စစ်ကားသုံးစီး မီးလောင်း၍ အကျအဆုံးများနိုင်ပြီး ဒေသခံဖက်မှ ထိခိုက်မှုမရှိကြောင်း သိရသည်။ 

ဖြစ်တာတော့ ညောင်ကိုင်းမှာ။ ကျွန်တော်တို့ (၁)နာရီကျော်လောက်က စဖြစ်တယ်။ သူတို့ အင်အား (၃၀) လောက်တတ်လာတယ်။ ခုကျွန်တော်တို့ ကြည့်တာတော့ သုံးလေးယောက်ပဲ ကျန်တယ်။ ပါလာတဲ့ ကားသုံးစီးလုံး မီးလောင်သွားပြီ။ ကျွန်တော်တို့ဖက်က အကျဆုံးမရှိဘူး ။ ခု (၂) နာရီ (၄၀)လောက်မှာ ပြီးတယ်။ သူတို့ မီးလောင်တာ သေတာတွေကိုလည်း မှတ်တမ်းယူထားတယ်။ ခု လက်ရှိ စောင့်ကြည့်နေသေးတယ်

ဟုတိုက်ပွဲတွင် ပါဝင်နေသူ ကရင်နီလူငယ် တစ်ဦးကတာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။

ယနေ့ မေလ (၂၁)ရက်နေ့ နံနက်ပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီတို့ တိုက်ပွဲစတင်ခဲ့ပြီး နေ့လည်ပိုင်းတွင် ဒီးမော့ဆိုမြို့တွင်း ရပ်ကွက်များ နှင့် ကျေးရွာများအထိပါ တိုက်ပွဲ ဖြစ်လာနေကြောင်း သိရသည်။