(၁၄၄)ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသားေန႔ လိြဳင္ေကာ္ၿမိဳ႕တြင္က်င္းပ

(၁၄၄)ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသားေန႔ လိြဳင္ေကာ္ၿမိဳ႕တြင္က်င္းပ
ဇွန် 21, 2019
By 🌸
 (၁၄၄)ႏွစ္ေျမာက္ ကရင္နီအမ်ိဳးသားေန႔အခမ္းအနားကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၁) ရက္ေန႔တြင္ ကယားျပည္နယ္၊ လိြဳင္ေကာ္ၿမိဳ႕ ခ်ိကယ္ေက်းရြာအုပ္စု ေက႔ထ်ိဳးဘိုးခန္းမတြင္ က်င္းပသည္။

အဆိုပါ အခမ္းအနားသို႔ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP) ၊ ျပည္နယ္တြင္း႐ွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အစည္းမ်ား ၊ ျပည္နယ္တြင္းရိွ တိုင္းရင္းသားပါတီမ်ား၊ NLD ပါတီ၊  လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အတြင္း႐ွိ ကရင္နီမ်ိဳးႏြယ္စုဝင္မ်ား တက္ေရာက္ၾကၿပီး
အဖြဲ႔အစည္းအသီးသီးမွ ေပးပို႔လာေသာ သဝဏိလႊာမ်ားဖက္ၾကားျခင္း ၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႔မ်ား မွ ေဖ်ာ္ေျဖေရး အကမ်ားျဖင့္ ေဖ်ာ္ျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ကရင္နီအမ်ိဳးသားေန႔အခမ္းအနားမ်ားကို ျပည္တြင္းသာမက ႏိုင္ငံအသီးသီးတြင္ ေရာက္႐ွိေနေသာ ကရင္နီလူမ်ိဳးမ်ားက သက္ဆိုင္ရာႏိုင္ငံတြင္ က်င္းပေနၾကျခင္းျဖစ္ေၾကာင္းသိရသည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
(၁၄၄)နှစ်မြောက် ကရင်နီအမျိုးသားနေ့ လွိုင်ကော်မြို့တွင်ကျင်းပ
************
 (၁၄၄)နှစ်မြောက် ကရင်နီအမျိုးသားနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ချိကယ်ကျေးရွာအုပ်စု ကေ့ထျိုးဘိုးခန်းမတွင် ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ပြည်နယ်တွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ၊ ပြည်နယ်တွင်းရှိ တိုင်းရင်းသားပါတီများ၊ NLD ပါတီ၊  လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းရှိ ကရင်နီမျိုးနွယ်စုဝင်များ တက်ရောက်ကြပြီး
အဖွဲ့အစည်းအသီးသီးမှ ပေးပို့လာသော သဝဏိလွှာများဖက်ကြားခြင်း ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ မှ ဖျော်ဖြေရေး အကများဖြင့် ဖျော်ခြင်းများ ပြုလုပ်ခဲ့သည်။

ကရင်နီအမျိုးသားနေ့အခမ်းအနားများကို ပြည်တွင်းသာမက နိုင်ငံအသီးသီးတွင် ရောက်ရှိနေသော ကရင်နီလူမျိုးများက သက်ဆိုင်ရာနိုင်ငံတွင် ကျင်းပနေကြခြင်းဖြစ်ကြောင်းသိရသည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net