ကျောက်မဲမြို့တွင် ညမထွက်ရအချိန်အတွင်း မြို့တွင်းရပ်ကွက်များ၌ သေနတ်ပစ်ခတ်သံ ဆက်တိုက်ကြားနေရ

ကျောက်မဲမြို့တွင် ညမထွက်ရအချိန်အတွင်း မြို့တွင်းရပ်ကွက်များ၌ သေနတ်ပစ်ခတ်သံ ဆက်တိုက်ကြားနေရ

 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ် မေလ (၈) ရက်နေ့ည သန်းခေါင်ယံ ညမထွက်ရ သတ်မှတ်ထားချိန်အတွင်း မြို့တွင်း ရပ်ကွက်အချို့တွင် သေနတ်ပစ်ခတ်သံများ ဆက်တိုက်ကြားနေရသည်။



 အမှတ် (၁) ရပ်ကွက်ရှိ မြို့ကျက်သရေဆောင်ခန်းမ၊  မုန့်တီဖို၊ ပင်လုံလမ်းမကြီးနံဘေး အမှတ် (၁)ရပ်ကွက် နှင့် အမှတ် (၂)ရပ်ကွက်အကြားရှိ ကျောက်မဲမြို့မရဲစခန်းအနီးဝန်းကျင်များ၌    ည (၁၂)နာရီဝန်းကျင်တွင် ပစ်ခတ်သံများကြားရခြင်းဖြစ်ပြီး သေနတ်သံ ရာနှင့်ချီမည်ဟု ဒေသခံအချို့က ဆိုသည်။



သေနတ်သံများ မကြားမီ ကနဦးအချိန်က ဆိုင်ကယ်များမောင်းသွားသည့်အသံအချို့ ကြားလိုက်ရပြီးနောက် နေရာအနှံ့အပြားမှ သေနတ်သံများ ဆက်တိုက်ကြားလာရခြင်းဖြစ်သည်ဟု သိရသည်။



မြို့ခံများ၏ ပြောဆိုချက်များအရ ယခင်ကာလများက ညပိုင်းပစ်ခတ်ခဲ့သည့်အသံများနှင့်မတူဘဲ အတွဲလိုက် ပစ်ခတ်သည့်အသံများပါ ကြားရသည့်အပြင် လူနေရပ်ကွက် လမ်းသွယ်၊ လမ်းကြားများအထိ ပစ်ခတ်သံကြားရကြောင်း သိရသည်။

#TachileikNewsAgency