မန္တလေးမြို့တွင် မီးလောင်မှုကြောင့် နေအိမ်(၇၀)ကျော် ပြာကျပြီး လူ(၃၀၀)ကျော် မီးဘေးသင့်

မန္တလေးမြို့တွင် မီးလောင်မှုကြောင့် နေအိမ်(၇၀)ကျော် ပြာကျပြီး လူ(၃၀၀)ကျော် မီးဘေးသင့်

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် (၅၆)လမ်းနှင့် (၅၇)လမ်းကြား၊ (၁၁၆)လမ်းနှင့် (၁၁၇)လမ်းအနီး ဝန်းကျင်ရှိ နေအိမ်(၇၀)ကျော် နှင့် ဆိုကယ်များ ယနေ့ မတ်(၂၈)ရက် မနက်(၁)နာရီဝန်းကျင်က မီးလောင်ဆုံးရှုံးခဲ့ရသည်။ 

မတ်လ(၂၈)ရက်နေ့အကူး နံနက်(၁)နာရီမှ နံနက်(၃)နာရီဝန်းကျင်အကြာအထိ မီးလောင်ကျွမ်းခဲ့သည့်အတွက် နေအိမ်(၇၈)လုံး နှင့် ဆိုင်ကယ်များ မီးလောင်ဆုံးရှုံးပြီး  အိမ်ထောင်စု(၆၉)စုမှ လူဦးရေ (၃၇၃)ဦး မီးဘေးသင့်ခဲ့ရခြင်း ဖြစ်သည်။

လက်ရှိတွင် မီးဘေးသင့် ပြည်သူ (၃၇၃)ဦးအား  ရင်ဘက်တူ ညီနောင်ကယ်ဆယ်ရေးအဖွဲ့မှ ဦးဆောင်ကာ သာသနဝေပုလ္လဒီပါမြေ ဓမ္မာရုံ(၁၁၉လမ်းနှင့်၅၆လမ်း)တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ  ကူညီစောင့်ရှောက်ပေးလျှက်ရှိကြောင်း သိရသည်။

မီးဘေးသင့်ပြည်သူ (၃၇၃)ဦးအတွက် အဝတ်အထည်နှင့် အထောက်အပံ့များ လိုအပ်နေခြင်းကြောင့် မန္တလေးမြို့မှ စေတနာရှင်များအနေဖြင့် လှူဒါန်းလိုပါက သာသနဝေပုလ္လဒီပါမြေ ဓမ္မာရုံ(၁၁၉လမ်းနှင့်၅၆လမ်း)တွင် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။



Photo: MPS