ရန်ကုန်မြို့ လှည်းတန်းနှင့် မြေနီကုန်းတွင် ဆန္ဒထုတ်ဖေါ်သူများ၊ လမ်းသွားလမ်းလာများနှင့် သတင်းသမားများကို လိုက်လံဖမ်းဆီးနေ

ရန်ကုန်မြို့ လှည်းတန်းနှင့် မြေနီကုန်းတွင် ဆန္ဒထုတ်ဖေါ်သူများ၊ လမ်းသွားလမ်းလာများနှင့် သတင်းသမားများကို လိုက်လံဖမ်းဆီးနေ

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၂၇) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့တွင် ရန်ကုန်မြို့မှ လှည်းတန်းနှင့် မြေနီကုန်းတို့၌ ဆန္ဒထုတ်ဖေါ်သူများ၊ သတင်းရယူနေသူများအပြင် ရပ်ကွက်များအတွင်း သွားလာနေသူများကို ဖမ်းဆီးမှုများလုပ်ဆောင်နေသည်။

လှည်းတန်းတွင် ဆန္ဒထုတ်ဖေါ်သူများ စုရပ်လုပ်သည့်နေရာများအား နံနက်အစောပိုင်းကတည်းက ရဲတပ်ဖွဲ့က နေရာယူထားပြီး နံနက် (၉) နာရီဝန်းကျင်တွင် လှည်းတန်းစေ◌ျးနှင့်အနီးတွင် စတင်ဖမ်းဆီးရာ သတင်းထောက် (၂) ယောက်ပါ ဖမ်းဆီးခံရသူများတွင် ပါဝင်သွားသည်။

ယင်းနောက် လှည်းတန်းလမ်းဆုံသို့ ကားများဖြင့်ရောက်လာသည့် ရဲများက ရပ်ကွက်အတွင်းထိပါ လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး မြေနီကုန်းတွင်လည်း နံနက် (၁၀) နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ကြားလာရသည်။

ဆန္ဒထုတ်ဖေါ်လေ့ရှိသည့်နေရာများတွင် ရဲတပ်ဖွဲ့က ပိတ်ဆို့ထားပြီး ကားများဖြင့်ရောက်လာသည့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

Tachileik News Agency