မလေးရှားက တရားရုံးအမိန့်ကို လွန်ဆန်ကာ မြန်မာနိုင်ငံသား (၁၀၀၀)ကျော်ကို မြန်မာစစ်သင်္ဘောများဖြင့် ပြန်ပို့

မလေးရှားက တရားရုံးအမိန့်ကို လွန်ဆန်ကာ မြန်မာနိုင်ငံသား (၁၀၀၀)ကျော်ကို မြန်မာစစ်သင်္ဘောများဖြင့် ပြန်ပို့
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံတကာသတင်း

မလေးရှားတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား (၁,၀၈၆)ဦးကို လာရောက်ခေါ်ဆောင်သည့် မြန်မာစစ်သင်္ဘောများဖြင့် ပြန်ပို့ခြင်းအား ဆိုင်းငံ့ရန် တရားရုံးက တားသော်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် တရားရုံးအမိန့်ကို လွန်ဆန်ကာ နေရပ်ပြန်ပို့လိုက်ပြီဖြစ်သည်။



စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး တစ်ပတ်အကြာတွင် စစ်သင်္ဘော (၃)စီးစေလွှတ်ကာ မြန်မာနိုင်ငံသားများအား ပြန်ခေါ်ခြင်းကြောင့် ပြန်ပို့ခံရမည့်သူများ လုံခြုံရေးအတွက် ဆိုင်းငံ့ထားရန် နိုင်ငံတကာနှင့် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့ကာ တရားရုံးကလည်း ဆိုင်းငံ့ထားရန် နေ့လယ်ပိုင်းတွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။



အဆိုပါ မြန်မာနိုင်ငံသားအားလုံးက နေရပ်ပြန်ရန် သဘောတူ၍ ပြန်ပို့ခြင်းဖြစ်သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဆိုသည်။



နေရပ်ပြန်ပို့ခံရမည့်သူများအား ဆိုင်းငံ့ထားရန် တရားရုံးသို့ လျှောက်ထားပြီး အမိန့်မချမီ ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့ နံနက်အစောပိုင်းကတည်းက မြန်မာနိုင်ငံသားများကို မြန်မာစစ်သင်္ဘောများ ဆိုက်ကပ်ထားသည့် ဆိပ်ကမ်းသို့ ပို့ဆောင်နေခဲ့ခြင်းဖြစ်သည်။



ယင်းနောက် နေ့လယ်ပိုင်းတွင် နေရပ်ပြန်ပို့မည့်အစီအစဉ်အား ဆိုင်းငံ့ထားရန် တရားရုံးက တားလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

Source: CNA , Jazeera