ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်နေသည့် စည်ပင်ဝန်ထမ်းများ၏ အမည်နှင့်ရာထူးအပါအဝင် မှတ်ပုံတမ်းဓါတ်ပုံများကို တင်ပြရန် ပြည်နယ်စည်ပင် ညွှန်ကြား

ရှမ်းပြည်နယ်အတွင်း CDM လုပ်ဆောင်နေသည့် စည်ပင်ဝန်ထမ်းများ၏ အမည်နှင့်ရာထူးအပါအဝင် မှတ်ပုံတမ်းဓါတ်ပုံများကို တင်ပြရန် ပြည်နယ်စည်ပင် ညွှန်ကြား
ဖေဖော်ဝါရီ 15, 2021 | ရှမ်းတောင်

စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ Civil Disobedience Movement တွင် ပါဝင်နေသည့် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနလက်အောက်ရှိ ဝန်ထမ်းများ၏ အမည်၊ ရာထူး၊ မှတ်တမ်းပုံများနှင့်တကွ တင်ပြပေးရန် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာနက ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၅) ရက်နေ့ နေ့စွဲဖြင့် ညွှန်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့၌ စစ်အာဏာရှင်စနစ်လက်အောက်တွင် ရုံးလုပ်ငန်းမဝင်လိုသည့် စည်ပင်ဝန်ထမ်း(၃၀)ဝန်းကျင်ရှိနေပြီး ရှမ်းပြည်နယ်အတွင်း၌လည်း CDM ကမ်ပိန်းလုပ်ဆောင်နေသည့် စည်ပင်ဝန်ထမ်းအတော်အများရှိနေကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများက Civil Disobedience Movement ကို ဆောင်ရွက်နေကြခြင်းဖြစ်ပြီး ပြည်သူလူထုကလည်း ငြိမ်းချမ်းသည့် နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြသည့်အပြင် Civil Disobedience Movement လုပ်ဆောင်နေသည့် ပြည်သူ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး ကူညီပံ့ပိုးပေးခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။



Tachileik News Agency