ညောင်ရွှေမြို့တွင် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခြင်း လုပ်ဆောင်

ညောင်ရွှေမြို့တွင် ပညာရေးနှင့်ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူများက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ခြင်း လုပ်ဆောင်
ဖေဖော်ဝါရီ 8, 2021 | ပညာရေး| နိုင်ငံရေး

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ခြင်းအဖြစ် ယနေ့ ဖေဖော်ဝါရီလ(၈)ရက်နေ့ နံနက်ပိုင်းက လုပ်ဆောင်ခဲ့ရာ လူဦးရေ အမြောက်အများပါဝင်ကြောင်း သိရသည်။

ညောင်ရွှေမြို့နယ်ပညာရေးဌာနမှ ပညာရေး ဝန်ထမ်းများ နှင့် ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ အပါအဝင် ပြည်သူလူထုသူတို့ ဖြင့် ပူးပေါင်းပြီး မြို့တွင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် ကန့်ကွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။



နိုင်ငံအတွင်း၌ ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် မြို့နယ်များတွင် ယခုလို ပါဝင်လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။



Tachileik news Agency

ဓါတ်ပုံ - ပညာရေး