မူဆယ်နှင့် ကွတ်ခိုင်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူများ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နှင့် ကွတ်ခိုင်မြို့နယ်တို့ရှိ နေရာ(၃)ခုတွင် စစ်ကောင်စီတပ်ဖွဲ့ ပူးပေါင်းပြည်သူ့ စစ်များနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၉)ရက်နေ့တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူများကြောင်း TNLAတပ်ဖွဲ့ထံမှ သိရသည်။

“ဒီနေ့ တော်တော်ပြင်းထန်တဲ့အနေအထားမှာရှိတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီး အလုံး(၈၀)ကျော်အပြင် ဂျက်ဖိုက်တာနဲ့ပါ လာပစ်တယ်။ အသေးစိတ်မသိရသေးဘူး။ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုတော့များတယ်။ အရပ်သား နေအိမ်တွေပါ ထိခိုက်တယ်။ ည(၉)နာရီအထိ ပစ်လိုက် နားလိုက်ပါပဲ။”ဟု ကွတ်ခိုင်မြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီး လက်နက်ကြီး အလုံး(၈၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စယ်လန့်ရွာမှ စဝ်ဆေခန်ဖမူကြိုကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် အရပ်သားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲနှင့် ပြည်သူ့စစ်များသည် ယမန်နေ့ ဩဂုတ်လ(၂၈)ရက်နေ့က တရုတ်နယ်စပ် ခိုမုန်းကျေးရွာအနီးတွင် TNLAတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် တပ်မ(၉၉)လက်အောက်ခံ (၄၂၁)၊ (၄၂၃)၊ (၅၇၇) စစ်ကြောင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့များဖြစ်သည့် ရှောက်ဟော်၊ လုံထန်၊ မြို့မ (၁၊ ၂၊ ၃)အဖွဲ့တို့ဖြစ်သည်ဟု ဒေသခံများကပြောသည်။

#TachileikNewsAgency

Video : CJ