တာချီလိတ်မြို့တွင်း လမ်းမကြီးဘေး ဆိုင်တစ်ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို လမ်းလျှောက်လာသူတစ်ဦးမှ မောင်းနှင်ထွက်ပြေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့ နံနက်ပိုင်းက ဆိုင်ရှေ့ ရပ်ထားသည့် ဆိုင်ကယ်တစ်စီးကို လမ်းလျှောက်လာသူတစ်ဦးက မောင်းပြေးသွားသဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

လူက အနားမှာရှိနေတယ်။ မောင်းပြေးသွားတယ်။ အနားရှိတဲ့သူတွေ လိုက်ဆွဲတာလည်း မရလိုက်ဘူး။ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။

ဟု ဆိုင်ကယ်ပိုင်ရှင်အမျိုးသမီးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မကာဟိုခမ်းရပ်ကွက်၊ အထက(တာချီလိတ်)ကျောင်းနှင့် Mi Phone ဆိုင်ကြား ဗိုလ်ချုပ်အောင်ဆန်း လမ်းမဘေး၌ ဆိုင်ကယ်ကို ခေတ္တရပ်ထားစဉ် လမ်းလျှောက်လာသည့် အမျိုးသားတစ်ဦးက မောင်းနှင်သွားခြင်းဖြစ်ကြောင်း သိရသည်။

လုယူခံရသည့်ဆိုင်ကယ်မှာ ၂၀၁၄ခုနှစ်ထုတ် လိုင်စင်နံပါတ် ၄၀ယ/၇၃၇၅ Honda Wave 125 အဖြူအနက်ရောင်ဖြစ်ပြီး အင်ဂျင်နံပါတ် JA211E 0196810 နှင့် ဘောင်နံပါတ် MLHTA 2110D5196810 ဖြစ်သည်။

အဆိုပါ ဆိုင်ကယ်အား တွေ့ရှိသူများအနေဖြင့် ဒေါ်နန်းစမ်းနွဲ့  ဖုန်း 09 5240864 ၊ 09 250250395 နှင့် 09 428211022 တို့သို့ ဆက်သွယ်ပေးကြရန် မေတ္တာရပ်ခံထားသည်။

Tachileik News Agency

 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။