ဆိုင္ကယ္အား ဝင္တိုက္မိ၍ လူေသဆံုးမႈ ျဖစ္သျဖင့္ စာရင္းစစ္ဦးစီးမွဴးအား အမႈဖြင့္

ဆိုင္ကယ္အား ဝင္တိုက္မိ၍ လူေသဆံုးမႈ ျဖစ္သျဖင့္ စာရင္းစစ္ဦးစီးမွဴးအား အမႈဖြင့္
အောက်တိုဘာ 30, 2016
By Tachileik News Agency

မႏၲေလးတိုင္းေဒသႀကီး ဝမ္းတြင္းၿမိဳ႕တြင္ ဆိုင္ကယ္အားေနာက္မွဝင္တုိက္၍ လူေသဆံုးမႈျဖစ္သြားသျဖင့္ စာရင္းစစ္ဦးစီးမွဴး အမ်ိဳးသမီးအား အမႈဖြင့္လွစ္အေရးယူထားေၾကာင္း သိိရသည္။

“ေမာင္းလာတဲ့ အရွိန္ကေတာ့ သိပ္မမ်ားဘူး။ ေရွ႕ကသြားေနတဲ့ ဆိုင္ကယ္ကို ဝင္တိုက္လိုက္တာ ကတၱရာလမ္းေပၚ ေခါင္းနဲ႔က်တယ္။ ဦးထုပ္မပါေတာ့ အသက္ဆုံးပါးတဲ့အထိ ျဖစ္သြားတယ္။ ျမစ္သားၿမိဳ႕နယ္ စာရင္းစစ္ဦးစီးမွဴးပါ။ ရုံးပိတ္ရက္မို႔ျပန္လာၿပီး အျပင္ခဏထြက္တာထင္ပါတယ္”ဟု ယာဥ္တိုက္မႈျဖစ္ပြားရာ အနီးေရာက္ေနသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ေအာက္တိုဘာလ (၂၉) ရက္က မ်ိဳးေဇာ္ေအာင္ စီးနင္းလာသည့္ ဆိုင္ကယ္အား  ေဒၚလဲ့လဲ့ေအး၏ ဆိုင္ကယ္က အေနာက္မွဝင္တိုက္မိျခင္းျဖစ္ၿပီး အဆိုပါယာဥ္တိုက္မႈေၾကာင့္ ရရိွသည့္ ဒဏ္ရာျဖင့္ မ်ိဳးေဇာ္ေအာင္အား မႏၲေလးျပည္သူ႔ေဆးရုံသို႔ ကုသမႈခံယူရန္ ပို႔ေဆာင္စဥ္ လမ္းတြင္ေသဆံုးသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ ေဒၚလဲ့လဲ့ေအးအား ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၅/၂၀၁၆ ယာဥ္မဆင္မျခင္ေမာင္းနွင္ျပီး မိမိနဲ႕တျခားသူအား ျပင္းထန္ဒဏ္ရာရရွိေစမွဳပုဒ္မ (၃၃၈) ျဖင့္ အမႈဖြင့္ေဆာင္ရြက္ေနရာမွ ေသဆုံးေစမွဳပုဒ္မ ၃၀၄(က)သုိ႔ ေျပာင္းလဲဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

သတင္း - ကိုလင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့တွင် ဆိုင်ကယ်အားနောက်မှဝင်တိုက်၍ လူသေဆုံးမှုဖြစ်သွားသဖြင့် စာရင်းစစ်ဦးစီးမှူး အမျိုးသမီးအား အမှုဖွင့်လှစ်အရေးယူထားကြောင်း သိရသည်။

“မောင်းလာတဲ့ အရှိန်ကတော့ သိပ်မများဘူး။ ရှေ့ကသွားနေတဲ့ ဆိုင်ကယ်ကို ဝင်တိုက်လိုက်တာ ကတ္တရာလမ်းပေါ် ခေါင်းနဲ့ကျတယ်။ ဦးထုပ်မပါတော့ အသက်ဆုံးပါးတဲ့အထိ ဖြစ်သွားတယ်။ မြစ်သားမြို့နယ် စာရင်းစစ်ဦးစီးမှူးပါ။ ရုံးပိတ်ရက်မို့ပြန်လာပြီး အပြင်ခဏထွက်တာထင်ပါတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားရာ အနီးရောက်နေသည့် ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ (၂၉) ရက်က မျိုးဇော်အောင် စီးနင်းလာသည့် ဆိုင်ကယ်အား ဒေါ်လဲ့လဲ့အေး၏ ဆိုင်ကယ်က အနောက်မှဝင်တိုက်မိခြင်းဖြစ်ပြီး အဆိုပါယာဉ်တိုက်မှုကြောင့် ရရှိသည့် ဒဏ်ရာဖြင့် မျိုးဇော်အောင်အား မန္တလေးပြည်သူ့ဆေးရုံသို့ ကုသမှုခံယူရန် ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဒေါ်လဲ့လဲ့အေးအား ဝမ်းတွင်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၅/၂၀၁၆ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး မိမိနဲ့တခြားသူအား ပြင်းထန်ဒဏ်ရာရရှိစေမှုပုဒ်မ (၃၃၈) ဖြင့် အမှုဖွင့်ဆောင်ရွက်နေရာမှ သေဆုံးစေမှုပုဒ်မ ၃၀၄(က)သို့ ပြောင်းလဲဖွင့်လှစ်လိုက်ကြောင်း သိရသည်။

သတင်း - ကိုလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~