ကျောက်မဲမြို့တွင် တပ်နယ်က အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက်များကို ပုံမှန်ဈေးထက် သက်သာသည့်နှုန်းထားဖြင့် ရောင်းချ

ကျောက်မဲမြို့တွင် တပ်နယ်က အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက်များကို ပုံမှန်ဈေးထက် သက်သာသည့်နှုန်းထားဖြင့် ရောင်းချ
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် တပ်နယ်က အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက်များကို ပုံမှန်ဈေးထက် သက်သာသည့်နှုန်းထားဖြင့် ရောင်းချ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က အသား၊ ငါး နှင့် ဟင်းသီးဟင်းရွက်များကို ပုံမှန်ဈေးထက်လျော့သည့်ဈေးနှုန်းများဖြင့် နံနက်ခင်းဈေးအနီး၊ အမှတ် (၁) အခြေခံ ပညာ အထက်တန်းကျောင်းအနီးနှင့် ဗဟိုဈေးအနီးတို့တွင် ဒီဇင်ဘာလ (၁၆) ရက်နေ့မှစ၍ နံနက်တိုင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“COVID 19 ကာလဆိုတော့ ပြည်သူတွေ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရအောင် ကျောက်မဲတပ်နယ်က လာရောင်းပေးတာပါ။ ဈေးထဲက ဈေးနှုန်းတွေထက် ပိုသက်သာအောင် ရောင်းပေးတာပေါ့။ ဟင်းသီးဟင်းရွက် တွေလည်း တပ်ထဲကမိသားစုတွေက ဓါတုဆေးတွေပါတဲ့ ဓါတ်မြေသြဇာတွေမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးထားတာတွေပါ” ဟု အမှတ်(၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မတော်အရာရှိတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ပင်လုံလမ်းမကြီးနံဘေး၊ အမှတ် (၁) ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်းရုံးရှေ့တွင် ကြက်သား (၁) ပိသာလျှင် (၅၀၀၀) ကျပ်၊ ကြက်ဥတစ်လုံးလျှင် (၁၀၀) ကျပ်၊ ငါးတစ်ပိသာ (၄၃၀၀) ကျပ်ဖြင့် ရောင်းချပေးနေခြင်းဖြစ်ကြောင်း သိရသည်။
တပ်မှရောင်းချပေးသည့်ဈေးတွင် လာရောက်ဝယ်ယူသူများအနေဖြင့် နှာခေါင်းစည်း၊ Face Shield နှင့် လက်အိတ်များဝတ်ဆင်ရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာမှ ဝယ်ယူရမည်ဟု သိရသည်။
Tachileik News Agency
သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~