တာချီလိတ်မြို့နယ်အတွင်း အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို သြဂုတ်လ (၂၇)ရက်နေ့၌ စုရပ် (၄၁)နေရာတွင် ထိုးပေးမည်

တာချီလိတ်မြို့နယ်အတွင်း အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို သြဂုတ်လ (၂၇)ရက်နေ့၌ စုရပ် (၄၁)နေရာတွင် ထိုးပေးမည်
သြဂုတ် 26, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း အမှီလိုက်ကာကွယ်ဆေးထိုးခြင်းကို သြဂုတ်လ (၂၇)ရက်နေ့၌  စုရပ် (၄၁)နေရာတွင် ထိုးပေးမည်
တာချီလိတ်မြို့နယ်အတွင်းမှ အသက်(၁၅)နှစ်အောက်ကလေးများအနက် ကာကွယ်ဆေးထိုးရန် လိုအပ်သူများကို အမှီလိုက်ကာကွယ်ဆေး ထိုးနှံခြင်းအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့၌ စုရပ် (၄၁)နေရာ သတ်မှတ်ထိုးနှံပေးသွားမည်ဖြစ်သည်။
မြို့နယ်အတွင်းရှိ ကာကွယ်ဆေးထိုးရန် လိုအပ်သူအားလုံးကို လူစုလူဝေးမဖြစ်စေဘဲ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စုရပ်များခွဲ၍ သြဂုတ်လ (၂၇)ရက်နေ့မှစ၍ (၁၀)ရက်ကြာ ထိုးနှံပေးသွားမည်ဖြစ်သည်။
ကာကွယ်ဆေးထိုးရန် စုရပ်နေရာများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာများတွင် ကြိုတင်အသိပေးထားမည်ဖြစ်ပြီး COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေရန် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ အကူအညီဖြင့် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအနေဖြင့် Mask၊ Faceshield များ တပ်ဆင်ကြရန်နှင့် လူစုလူဝေးမဖြစ်စေရေး သတိထားကြရန် ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။
( ကျန်နေ့ရက်များ၏ စုရပ်နေရာများကို ဆက်လက်ဖော်ပြပေးသွားပါမည်)
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~