ကျောက်မဲမြို့တွင် မဲလာမပေးသူ (၄၈,၀၀၀)ကျော်ရှိ

ကျောက်မဲမြို့တွင် မဲလာမပေးသူ (၄၈,၀၀၀)ကျော်ရှိ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
ကျောက်မဲမြို့တွင် ဆန္ဒမဲလာမပေးသူ (၄၈,၀၀၀)ကျော်ရှိ
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသူ (၁၁၈,၀၉၅)ဦးရှိသော်လည်း ဆန္ဒမဲပေးသူ စုစုပေါင်း (၆၉,၀၀၀)ကျော်သာရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ်အတွင်း ကြိုတင်မဲပေးထားသူ (၁၁,၄၈၈)ဦး နှင့် မဲရုံများသို့ ကိုယ်တိုင်လာရောက်၍ ဆန္ဒမဲပေးသူ (၅၇,၇၁၄)ဦး ရှိသည့်အတွက် စုစုပေါင်း မဲဆန္ဒရှင် (၆၉,၂၀၂)ဦးရှိပြီး မဲရုံ ပိတ်ချိန်အထိ မဲရုံများ၏ပရဝုဏ်အတွင်း (၃၅)ဦးရှိခဲ့သည်။
မြို့နယ်အတွက် မဲပေးပိုင်ခွင့်ရှိသော်လည်း မဲလာမပေးသူ စုစုပေါင်းမှာ (၄၈,၈၅၈)ဦး ရှိကြောင်း သိရသည်။
၂၀၂၀ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့၊ မွန်းလွဲ (၁၁)နာရီ (၃၀)အထိ မြို့ပေါ်ရပ်ကွက် (၉)ခုမှ မဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်က စာရင်းပြုစုနေဆဲဖြစ်၍   ကျောက်မဲခရိုင်တစ်ခုလုံးအတွက် ရလဒ်ကိုလဲ မထုတ်ပြန်နိုင်သေးကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~