တာချီလိတ်မြို့နယ်တွင်းမှ ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်

တာချီလိတ်မြို့နယ်တွင်းမှ ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်
အောက်တိုဘာ 14, 2020
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင်းမှ ကြိုတင်ဆန္ဒမဲများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ လာရောက်အပ်နှံချိန်တွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်  ဆန္ဒမဲများ လာရောက်အပ်နှံပါက နိုင်ငံရေးပါတီများနှင့် မီဒီယာများကို ဖိတ်ကြားပြီး ကြိုတင်ဆန္ဒမဲပုံးများအတွင်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“တပ်ရင်း၊ တပ်ဖွဲ့ အကြီးအမှူးတွေကနေ (၁၄) ရက်အတွင်းမှာ သင့်တော်တဲ့ တစ်ရက် ရက်မှာ မဲပေးဖို့ ညွှန်ကြားပြီး ဖြစ်တယ်။ မဲပေးပြီးလို့ (၅၀) ပြီးရင် (၅၀) အပ်နှံပါလို့ ကျွန်တော်တို့က ပြောလိုက်တယ်။ အခုချိန်ထိအပ်နှံလာတာ မရှိသေးဘူး။ နည်းနည်းခြင်း လာအပ်မယ်ဆိုရင် နိုင်ငံရေးပါတီတွေကို အကြောင်းတော့ကြားပေးမှာပေါ့။  တစ်စုတစ်ဝေးတည်း အပ်နှံလာမယ်ဆိုရင် ပါတီတွေနဲ့ မီဒီယာတွေကိုဖိတ်ပြီး ပြသမှာဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၄)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့နယ်အတွင်း တပ်ရင်း၊ တပ်ဖွဲ့များရှိ တပ်မတော်သားများနှင့် အတူနေမိသားစုဝင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရန် အတွက် မဲလက်မှတ်ပေါင်း (၉၀၀) ကျော်ထုတ်ပေးထားပြီး ပုံစံ (၁၅) ဖြင့် ကြိုတင်ဆန္ဒမဲပေးခွင့်ရရှိရန် လျောက်ထားသူ (၃၀) ကျော်ရှိနေပြီး လက်ရှိအချိန်အထိ လျောက်ထားနေမှုများလည်း ရှိနေကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများ ထည့်သွင်းနိုင်ရန်အတွက် တပ်မတော်သားများနှင့် အတူနေမိသားစုများ ကြိုတင်ဆန္ဒမဲလက်မှတ်ပုံးနှင့် မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) ကြိုတင်ဆန္ဒမဲလက်မှတ်ပုံး (၂) ပုံးကို တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ထားရှိရန်အတွက် နိုင်ငံရေးပါတီများကို ဖိတ်ကြားပြီး ဆန္ဒမဲပုံးများချိတ်ပိတ်ခြင်းကို ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၄) ရက်နေ့က ပြုလုပ်ခဲ့သည်။  
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~