မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၂၀၀)ကျော် တစ်ခါတည်း ထပ်တိုး၍ ထိုင်းနိုင်ငံထက် ကူးစက်မှု ပိုများလာ

မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၂၀၀)ကျော် တစ်ခါတည်း ထပ်တိုး၍ ထိုင်းနိုင်ငံထက် ကူးစက်မှု ပိုများလာ
စက်တင်ဘာ 15, 2020
By Tachileik News Agency
မြန်မာနိုင်ငံတွင် COVID 19 အတည်ပြုလူနာ (၂၀၀)ကျော် တစ်ခါတည်း ထပ်တိုး၍ ထိုင်းနိုင်ငံထက် ကူးစက်မှု ပိုများလာ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ(၁၅)ရက်နေ့အတွက် ဓါတ်ခွဲနမူနာများကို ပထမအသုတ်အဖြစ် စစ်ဆေးရာ Covid-19 အတည်ပြုလူနာသစ် (၂၀၃)ဦး ထပ်တိုးတွေ့ရှိသည့်အတွက် ထိုင်းနိုင်ငံထက် ကူးစက်မှု ပိုများလာကြောင်း စက်တင်ဘာလ(၁၅)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၅)ရက်နေ့ ည(၈)နာရီအချိန်အထိတွင် အတည်ပြုလူနာ စုစုပေါင်း (၃,၄၈၀)ဦး ရှိရာ သေဆုံးသူမှာ (၅၈)ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ(၁၅)ရက်နေ့ ည(၈)နာရီအချိန်အထိ ဓါတ်ခွဲနမူနာ စုစုပေါင်း (၁၉၀,၀၀၀)ကျော်ကို  စစ်ဆေးခဲ့ပြီးဖြစ်ရာ အတည်ပြုလူနာ စုစုပေါင်း ( ၃,၅၀၂ )ဦး စစ်ဆေးတွေ့ရှိပြီး သေဆုံးသူမှာ (၃၅)ဦးအထိ ရှိကြောင်း သိရသည်။
 
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~