ထိုင်းနိုင်ငံအတွင်း ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် ပျက်စီးသွားသည့်လမ်းပိုင်းကို ပြန်လည် ပြင်ဆင်ထား

ထိုင်းနိုင်ငံအတွင်း ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် ပျက်စီးသွားသည့်လမ်းပိုင်းကို ပြန်လည် ပြင်ဆင်ထား
သြဂုတ် 6, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် ပျက်စီးသွားသည့်လမ်းပိုင်းကို ပြန်လည် ပြင်ဆင်ထား

ထိုင်းနိုင်ငံအတွင်း မိုးရွာသွန်းမှုများ၍ ရေကြီးနစ်မြုပ်မှုကြောင့် ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် ပျက်စီးသွားသည့် တံတားကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၅)ရက်နေ့၌ ပြန်လည်ပြင်ဆင်ထားပြီဖြစ်ကြောင်း သိရသည်။

ချင်းမိုင် - ချင်းရိုင်းလမ်းပိုင်းတွင် ရေတိုက်စားမှုကြောင့် လမ်းပိုင်းပြတ်တောက်သွား၍ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲဖြစ်နေရာ နယ်စပ်မှ ပြည်တော်ပြန်မည့် မြန်မာနိုင်ငံသားများလည်း နေရပ်ပြန်ခွင့်ရထားသည့် အချိန်မီ ပြန်လာနိုင်ခြင်းမရှိဘဲ ဖြစ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းပြတ်တောက်နေသည့်နေရာအား ဘေလီတံတားထိုးပြီး လမ်းပခုံးသားထပ်ဖို့ခြင်းများကို လုပ်ဆောင်ထားသည့်အတွက် ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

လမ်းပြင်ထားပြီဖြစ်သော်လည်း မိုးရာသီအတွင်း ခရီးသွားလာသူများအနေဖြင့် ဘေးကင်းစေရေးအတွက် လမ်းသတိပေးချက်များကို အထူးသတိထားလိုက်နာကြရန် လမ်းတာဝန်ရှိသူများက သတိပေးထားသည်။

Tachileik News Agency
Soruce: The Nation


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~