ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ (၅၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံမှ ပြစ်ဒဏ်စေ့ (၅၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်း
ဇူလိုငျ 20, 2020
By Tachileik News Agency

ထိုင်းနိုင်ငံမှ  ပြစ်ဒဏ်စေ့ (၅၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်မှု၊ နေထိုင်ခွင့်မရှိဘဲ  နေထိုင်မှုတို့ဖြင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၅၄)ဦးတို့ကို မယ်ဆိုင်ဘက်မှနေ၍ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၌ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ လွှဲပြောင်းလာသည်။

လွှဲပြောင်းပေးလာသူများကို တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာတရားရိပ်သာတွင် အသွားအလာကန့်သတ်ထားပြီး COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးသွားမည်ဖြစ်သည်။

လွှဲပြောင်းပေးလာသူများတွင် အထည်ချုပ်စက်ရုံ၌ တရားမဝင်အလုပ်လုပ်ကိုင်နေသူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁၆)ဦး စုစုပေါင်း (၁၇)ဦး၊ ပန်းရံလုပ်ငန်း၌ တရားမဝင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား (၂၄)ဦးနှင့် အမျိုးသမီး (၄)ဦး စုစုပေါင်း (၂၈)ဦး၊ လိမ္မော်ခြံတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၂)ဦး၊ တာချီလိတ်ဘက်မှ မယ်ဆိုင်ချောင်းဖြတ်၍ တရားမဝင် ဝင်ရောက်သူ အမျိုးသမီး (၄)ဦး၊ ပုံပါကျင်ဘက်မှ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်သည့်  အမျိုးသမီး (၃)ဦး၊ ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦး စုစုပေါင်(၅၈)ဦးမှာ ထိုင်းနိုင်ငံဘက်တွင် (၁၄)ရက်မှ ရက်ပေါင်း (၂၀)အထိ အချုပ်ကျခံခဲ့ရပြီးနောက် တာချီလိတ်ဘက်သို့ လွှဲပြောင်းခံရခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်ဘက်သို့ ထိုင်းနိုင်ငံတွင်း ပြစ်ဒဏ်ကျခံရပြီး ပြစ်ဒဏ်စေ့လွှဲပြောင်းပေးလာသူများနှင့် တာချီလိတ်မြို့နယ်အတွင်းမှ နေရပ်ပြန်များအား မိုးကုတ်ဝိပဿနာ တရားရိပ်သာ၌ အသွားအလာကန့်သတ်ကာ COVID 19 ဓာတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့ရကြောင်း  ဓာတ်ခွဲအဖြေရပါက သက်ဆိုင်ရာ ရပ်ကွက်အသီးသီး၌ (၂၁)ရက်ပြည့်သည်အထိ အသွားအလာကန့်သတ် နေထိုင်ကြရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~