Covid-19 ကာလအတွင်း တားမြစ်ထားသည့်ကြားက Bar ၊ Night Club ၊ KTV များ ဖွင့်နေခြင်းကို စိစစ်ပြီး ထိရောက်စွာ အရေးယူရန် COVID ထိန်းချုပ်ရေးဗဟိုကော်မတီ ညွှန်ကြား

Covid-19 ကာလအတွင်း တားမြစ်ထားသည့်ကြားက Bar ၊ Night Club ၊ KTV များ ဖွင့်နေခြင်းကို စိစစ်ပြီး ထိရောက်စွာ အရေးယူရန် COVID ထိန်းချုပ်ရေးဗဟိုကော်မတီ ညွှန်ကြား
ဇူလိုင် 18, 2020
By Tachileik News Agency
Covid-19 ကာလအတွင်း တားမြစ်ထားသည့်ကြားက Bar ၊ Night Club ၊ KTV များ ဖွင့်နေခြင်းကို စိစစ်ပြီး ထိရောက်စွာ အရေးယူရန် COVID ထိန်းချုပ်ရေးဗဟိုကော်မတီ ညွှန်ကြား

Covid-19 ကာလအတွင်း Bar ၊ Night Club ၊ KTV ဖွင့်လှစ်မှုများရှိပါက ထိရောက်စွာအရေးယူရန် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တတိယပတ်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ ညွှန်ကြားထားကြောင်း သိရသည်။

ကျွန်တော်တို့ဆီမှာ ညွှန်ကြားချက်ရောက်နေပါပြီ။ ဒီတစ်ပတ်ထဲမှာပဲ ရောက်လာတာပါ။ ဒါတွေက စပြီးပိတ်ခိုင်းကတည်းကနေ ဖွင့်လှစ်ခွင့်ပေးထားခြင်း မရှိသေးပါဘူး။ အခုလည်း ဖွင့်လှစ်ခွင့်မပေးသေးဘူးဆိုတာ ထပ်ပြီး ညွှန်ကြားထားပါတယ်

ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဖြစ်သူ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လေဝင်လေထွက်မကောင်းသည့် အလုံပိတ်အခန်းများဖြစ်၍ COVID 19 ကူးစက်ပျံ့နှံ့မှု လွယ်ကူသည့်နေရာများဖြစ်သည့် ဘား၊ နိုက်ကလပ်၊ ကေတီဗွီ စသည့် ဖျော်ဖြေရေးလုပ်ငန်းများကို ဖွင့်လှစ်ခြင်းမပြုရန် တားမြစ်ထားခြင်းကို ဇူလိုင်လ (၃၁) ရက်နေ့အထိ ထပ်မံတိုးမြှင့်ထားသော်လည်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားမှုများ ရှိနေ၍ ယင်းကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း သိရသည်။

Bar ၊ Night Club ၊ KTV များကို ခွင့်ပြုထားခြင်းမရှိဘဲ ဖွင့်လှစ်လျက်ရှိကြောင်း ဇူလိုင်လ (၁၃)ရက်နေ့တွင်  ကျင်းပသည့် COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တင်ပြခဲ့သဖြင့်  နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ ဟိုတယ်များနှင့် သီးခြားနေရာများတွင် သတ်မှတ်ညွှန်ကြားချက်အား လိုက်နာမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများမှ စစ်ဆေးကြပ်မတ် သွားရန်နှင့် ခွင့်ပြုချက်မရဘဲ လုပ်ဆောင်နေကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူသွားရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~