မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းရှိ လွိုင်လင်မြို့တွင်း ကတ္တရာ ကွန်ကရစ်ခင်းနေ၍ ယာဉ်ကြီးများ နေ့ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားမိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းရှိ လွိုင်လင်မြို့တွင်း ကတ္တရာကွန်ကရစ်ခင်းနေ၍ ယာဉ်ကြီးများ နေ့ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထား

မတ် 8, 2020
By Tachileik News Agency
မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းရှိ လွိုင်လင်မြို့တွင်း ကတ္တရာကွန်ကရစ်ခင်းနေ၍ ယာဉ်ကြီးများ နေ့ပိုင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထား

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းရှိ လွိုင်လင်မြို့တွင်း၌ ၂၀၂၀ ခုနှစ်၊ မတ်လ (၉) ရက်နေ့မှစ၍ ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည်ဖြစ်၍ ကုန်တင်ယာဉ်ကြီးများ နံနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်း ဖြတ်သန်းသွားလာခွင့်ကို မတ်လကုန်အထိ ကန့်သတ်ထားကြောင်း သိရသည်။

လမ်းခင်းနေတဲ့ အချိန် ကုန်တင်ယာဉ်ကြီးတွေ ဖြတ်သန်းရင် လမ်းပိတ်တာတွေ ဖြစ်မှာစိုးလို့ပါ။ ကျန်တဲ့ မော်တော်ယာဉ်တွေကတော့ ပုံမှန်အတိုင်း သွားလာလို့ ရပါတယ်။ လုပ်ငန်းတွေကိုတော့ မတ်လကုန်လောက်အပြီး မှန်းထားပါတယ်

ဟု လွိုင်လင် လမ်းဦးစီးဌာန ဦးစီးအရာရှိ (မြို့ပြ) ဒေါ်ဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်းတွင် ပြုပြင်မှုများ လုပ်ဆောင်နေစဉ်ကာလအတွင်း (၁၀)ဘီးယာဉ်၊ (၁၂)ဘီးယာဉ်နှင့် နောက်တွဲပါယာဉ်များအနေဖြင့် နံနက် (၆)နာရီမှ ညနေ (၆)နာရီအတွင်း ဖြတ်သန်းခြင်းမပြုရန် အသိပေးပန်ကြားထားခြင်းဖြစ်သည်။

မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းကို နေမင်းရောင်ဆောက်လုပ်ရေးကုမ္ပဏီက B.O.T စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~