ကျောက်မဲ ဗဟိုဈေးကြီးအတွင်း ဈေးဝယ်သားအဖ ဟန်ဆောင်လိမ်လည်သူရှိနေ၍ သတိထားရန် နှိုးဆော်ထား

ကျောက်မဲ ဗဟိုဈေးကြီးအတွင်း ဈေးဝယ်သားအဖ ဟန်ဆောင်လိမ်လည်သူရှိနေ၍ သတိထားရန် နှိုးဆော်ထား
မတ် 3, 2020
By Tachileik News Agency
ကျောက်မဲ ဗဟိုဈေးကြီးအတွင်း ဈေးဝယ်သားအဖ ဟန်ဆောင်လိမ်လည်သူရှိနေ၍ သတိထားရန် နှိုးဆော်ထား

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ဗဟိုဈေးကြီးအတွင်း၌ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလကုန်မှစ၍ အမျိုးသားတစ်ဦးနှင့် ကလေးတစ်ဦးက  ဈေးဝယ်သားအဖဟန်ဆောင်၍ ကုန်ပစ္စည်းများအား လိမ်လည် ရယူခြင်းနှင့် အလစ်သုတ်ခြင်းများ ပြုလုပ်နေ၍ တွေ့ရှိပါက ဈေးတာဝန်ရှိသူများထံသို့ အကြောင်းကြားရန် သတိပေးထားသည်ကို တွေ့ရသည်။

ဖြစ်တာကတော့ ဖေဖေါ်ဝါရီလကုန်ပိုင်းလောက်ကနေ စတာ။ ကြားရသလောက်ဆို အဲဒီလို ခံလိုက်ရတဲ့ ဆိုင်ကြီးတွေ (၆) ဆိုင်လောက်ရှိတယ်။ နောက်ဆုံးခံလိုက်ရတဲ့ဆိုင်က ဆိုင်ရှင်ဖြစ်သူရဲ့ ငွေထည့်ထားတဲ့ လွယ်အိတ် အလစ်သုတ်ခံရတာ။ သူများကိုပေးချေရမယ့် ကုန်ပစ္စည်းဖိုး ငွေသားချည်းပဲ (၈) သိန်းကျော် ပါသွားတယ်။ ဒါပေမဲ့ ဈေးတာဝန်ရှိသူတွေအပါအဝင် သက်ဆိုင်ရာ တိုင်ကြားလို့ရတဲ့ဌာနတွေကို ဘယ်သူမှ မတိုင်ကြားကြဘူး။ ကျွန်တော်တို့က သတင်းကြားလို့သာ လိုက်ပြီးစုံစမ်းမှသိရတာ။ အဲဒီလို ထပ်ပြီးမဖြစ်ပွားစေဖို့ရယ် အဲဒီလိုဖြစ်လာရင် အရေးပေါ် ဆက်သွယ်ရမယ့်ဖုန်းတွေ ကြေညာပေးထား တယ်ဆိုတာကို ဈေးထဲမှာလိုက်ပြီး ရှင်းပြပေးနေရတယ်

ဟု ကျောက်မဲဗဟိုဈေးရှိ ဈေးတာဝန်ခံရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၃)ရက်နေ့တွင် ပြောသည်။

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၁၂) နှစ်ဝန်းကျင် မိန်းကလေးတစ်ဦးတို့သည် ကျောက်မဲဗဟိုဈေး အတွင်းရှိ ကုန်စုံဆိုင်ကြီးများ၌ ကုန်ခြောက်များကို အချိန်အတွယ်အများအပြားမှာယူပြီး ကုန်ပစ္စည်းများ တင်ဆောင်သွားကာ ပစ္စည်းဖိုးပေးချေခြင်းမရှိဘဲ ထွက်ပြေးခြင်း၊ ဆိုင်၌မရှိသည့် အခြားပစ္စည်းအမျိုးအမည်အား ဆိုင်ပိုင်ရှင်ကို အခြားဆိုင်များ၌ သွားယူစေပြီး ဆိုင်ရှိ ငွေထည့်ထားသော လွယ်အိတ်တို့ကို ယူဆောင်ထွက်ပြေးခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်ဟု သိရသည်။

ဈေးသူဈေးသားများအနေဖြင့် ဈေးအတွင်း လိမ်လည်သူများတွေ့ရပါက ဈေးတာဝန်ခံရုံး ဖုန်း ၀၉ ၂၆၀၈၄၂၄၈၄ နှင့် ဈေးကော်မတီရုံး ဖုန်း ၀၉ ၉၆၃၅၃၉၅၅၅ တို့သို့ ဆက်သွယ်ပေးကြရန် တိုက်တွန်းထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်

Photo: Ninjastrikers

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~