ISIS က အဖွဲ့ဝင်များအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပသို့ အကြမ်းဖက် ခရီးမထွက်ရန် အကြံပြုထား

ISIS က အဖွဲ့ဝင်များအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပသို့ အကြမ်းဖက် ခရီးမထွက်ရန် အကြံပြုထား
မတ် 16, 2020
By Tachileik News Agency
 ISIS က အဖွဲ့ဝင်များအား ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပသို့ အကြမ်းဖက် ခရီးမထွက်ရန် အကြံပြုထား

ISIS က ၎င်းတို့၏ အကြမ်းဖက်အဖွဲ့ဝင်များအား ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပျံ့ပွားနေချိန်တွင် အကြမ်းဖက်လုပ်ငန်းများထက် လက်ဆေးခြင်းကို အလေးထားလုပ်ဆောင်ကြရန်နှင့် ဥရောပဒေသသို့ ခရီးမထွက်ကြရန်အကြံပြု တိုက်တွန်းထားကြောင်း သိရသည်။

ISIS အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ဘေးကင်းစေရေးကို အလေးထားသဖြင့် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်နေသည့် ဥရောပဒေသသို့ အဖွဲ့ဝင်များအနေဖြင့် ခရီးမထွက်ကြရန်နှင့် ဗိုင်းရပ်စ်ပျံ့နှံ့မှုမရှိစေရေး ဆောင်ရွက်ကြရန် ၎င်းတို့၏ သတင်းစာမှတစ်ဆင့် အကြံပြုထားကြောင်း သိရသည်။

ISIS အဖွဲ့၏ al-Naba သတင်းစာစောင်၏ နောက်ကျောဖုံးစာမျက်နှာတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့ပွားမှုကို ရပ်တန့်နိုင်ရေးအတွက် အကြံပြုချက်များကို စာမျက်နှာပြည့်ဖေါ်ပြထားပြီး အဖွဲ့ဝင်များအား ကပ်ရောဂါဖြစ်ပွားရာဒေသများကို ရှောင်ရှားကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။

Tachileik News Agency
Source: Homeland Security Today


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~