ညွှန်ချုပ်တွေကို အရင်ဆုံး ကားတင်သွင်းခွင့်ပြုမည့် အသေးစိတ် အစီအစဉ် တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ

ညွှန်ချုပ်တွေကို အရင်ဆုံး ကားတင်သွင်းခွင့်ပြုမည့် အသေးစိတ် အစီအစဉ် တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ
ဇန်နဝါရီ 26, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ညွှန်ချုပ်တွေကို အရင်ဆုံး ကားတင်သွင်းခွင့်ပြုမည့် အသေးစိတ် အစီအစဉ် တစ်လအတွင်း ထုတ်ပြန်ဖွယ်ရှိ

နိုင်ငံ့ဝန်ထမ်းတွေကို မော်တော်ယာဉ်တင်သွင်းခွင့်ပြုဖို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်ချထားပြီး စနစ်တကျတင်သွင်းနိုင်ဖို့ ညှိနှိုင်းနေဆဲဖြစ်ကြောင်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့ရဲ့ တာချီလိတ်ခရီစဉ်မှာ   ပြောကြားလိုက်ပါတယ်။

လက်ရှိမှာတော့ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိသူတွေကိုသာ  တင်သွင်းခွင့်ပြုမှာဖြစ်ပြီး လုပ်သက် (၂၅) နှစ်နဲ့ ဝန်ထမ်းကောင်းလက်မှတ်ရသူတွေကိုတော့ နောက်ပိုင်း ဆက်လက်ခွင့်ပြုပေးမှာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့ကရောက်ရှိလာတဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နဲ့အဖွဲ့ဟာ ဇန်နဝါရီလ (၂၆) ရက်နေ့မှာ တာချီလိတ်ခရိုင်အတွင်းထဲက ကျိုင်းလပ်မြို့ရှိ မြန်မာ-လာအိုချစ်ကြည်ရေးတံတားကနေတဆင့် ကုန်ပစ္စည်းတင်ပို့နေမှုအခြေအနေ အပါအဝင် ဒေသခံလုပ်ငန်းရှင်တွေနဲ့ ကုန်စည်တင်ပို့မှု အခက်အခဲတွေကို တွေ့ဆုံမေးမြန်းခဲ့ပြီး တင်မြင့်ရီကုမ္ပဏီက ထိုင်းနိုင်ငံကိုတင်ပို့မဲ့ ကျွန်းသစ်ခွဲသားတွေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~