လာအိုနိုင်ငံရှိ ကာစီနိုရုံတွင် လုပ်ခလစာခံစားခွင့် အပြည့်အဝရရှိရေးအတွက် မြန်မာနှင့်လာအိုဝန်ထမ်း (၃၀၀)ကျော် ဆန္ဒပြတောင်းဆို

လာအိုနိုင်ငံရှိ ကာစီနိုရုံတွင် လုပ်ခလစာခံစားခွင့် အပြည့်အဝရရှိရေးအတွက် မြန်မာနှင့်လာအိုဝန်ထမ်း (၃၀၀)ကျော် ဆန္ဒပြတောင်းဆို
အောက်တိုဘာ 19, 2019
By 🌸
လာအိုနိုင်ငံရှိ ကာစီနိုရုံတွင် လုပ်ခလစာခံစားခွင့် အပြည့်အဝရရှိရေးအတွက် မြန်မာနှင့်လာအိုဝန်ထမ်း (၃၀၀)ကျော် ဆန္ဒပြတောင်းဆို

လာအိုနိုင်ငံ ရွှေတြိဂံနယ်မြေအတွင်း တရုတ်ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဖြစ်သည့် Kings Romans Casino ၌ မြန်မာ ဝန်ထမ်း (၂၀၀) ကျော်နှင့် လာအို ဝန်ထမ်း(၁၀၀)ကျော်တို့က လုပ်အားခတိုးပေးရန်နှင့် ရသင့်သည့် နှစ်တိုး ဆုကြေးများပေးအပ်ရန် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် တောင်းဆိုနေကြသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်တစ်ဖက်ကမ်းရှိ လာအိုနိုင်ငံဘက်ခြမ်းတွင် ဖွင့်လှစ်ထားသည့် တရုတ်ကာစီနိုရုံ၌ မြန်မာနိုင်ငံသားအများအပြား သွားရောက်အလုပ်လုပ်ကိုင်နေကြခြင်းဖြစ်သည်။

“လစာက အရင်(၁၀)နှစ်လောက်ကတည်းက ပေးတဲ့အတိုင်းပဲ။ အခုဆို ဘတ်ငွေဈေးနဲ့ဆိုတော့ လစာက နည်းသွားပြီ။ နောက်ပြီး အရင်ကပေးတဲ့ နှစ်ကြေးတွေကလည်း အခုမပေးတော့ဘူး။ ဒီမှာက အနည်းဆုံး (၃)နှစ်ကနေ တစ်ချို့ဆို (၈)နှစ်ကျော်အထိ ရှိတယ်။ အဲဒါကို နှစ်ကြေး(နှစ်စဉ်ဆုကြေး) မပေးဘူး။ နှစ်လ၊သုံးလရှိပြီ။ မနေ့က သူတို့ကိုပြောတယ်။ အဆင်မပြေဘူး။ ဒါကြောင့်  ဒီနေ့ဆို ကာစီနိုက ဖဲဝေတာမှာ အယောက် (၃၀၀)ကျော်လောက်ရှိတာ။ အကုန်ခုံမှာထိုင်နေရင်းကနေ အကုန်ထွက်လာကြတာ။ နေ့ဆိုင်း ညဆိုင်းအားလုံး ဒီနေ့လူစုကြတာ”ဟု လာအိုရွှေတြိဂံဇုန်တွင် ရောက်နေသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာအိုနိုင်ငံ ဘိုကီရာအထူးစီးပွားရေးဇုန်အတွင်းရှိ Kings Romans Casino တွင် ဖဲဝေသည့်ဝန်ထမ်း (၃၆၀) ရှိသည့်အနက် မြန်မာ (၂၀၀)ကျော်ပါဝင်ကြောင်း သိရသည်။

အဆိုပါကာစီနိုရှိ ဖဲဝေသည့်ဝန်ထမ်းများမှာ ၎င်းတို့ခံစားခွင့်ရှိသည့် နှစ်တိုးဆုကြေးငွေအား အလုပ်ရှင်ဘက်မှ မပေးချေတော့ခြင်းနှင့် လုပ်ခလစာနည်းလာခြင်းတို့ကြောင့် တင်ပြခဲ့ရာ ညှိနှိုင်းပေးခြင်းမရှိသဖြင့် အောက်တိုဘာလ (၁၉)ရက်နေ့ နံနက်ပိုင်းကတည်းကစ၍ ကာစီနိုအတွင်း အလုပ်မလုပ်တော့ဘဲ ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်ဟု သိရသည်။

“အစက အကုန်လုံး အထဲကိုမဝင်ဘူး။ နောက်ကာစီနိုသူဌေး ရောက်လာတော့ လာအို (၃)ယောက်၊ မြန်မာ(၃)ယောက် တရုတ်စကားကျွမ်းကျင်တဲ့သူတွေ ခေါ်သွားပြီး ဆွေးနွေးတယ်။ နှစ်နာရီကျော်ကြာတယ်။ အစက မန်နေဂျာက မညှိဘူး။ မင်းတို့တွေ ဆက်လုပ်ချင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ။ ရှိရင်ရှိတဲ့သူနဲ့ပဲ ဆက်လုပ်မယ်လို့ပြောတယ်။ အားလုံး ဘယ်သူမှ မလုပ်ဘူးဆိုမှ အပြင်ထွက်လာကြတယ်။ နောက်ဆုံးအထဲမှာ ဖဲဝေတဲ့ လာအို(၂)ယောက်နဲ့ မြန်မာ(၁)ယောက်ကို ပေးမထွက်ဘဲ သူတို့ကို လုံခြုံရေးတွေနဲ့ တားထားလိုက်တယ်။ သူတို့အခုအစည်းအဝေးပြီးတဲ့အခါမှာ (၅)ရက်စောင့်ပေးလို့ ပြောတယ်”ဟု လာအိုရွှေတြိဂံဇုန်တွင် ရောက်နေသူတစ်ဦးက ပြောသည်။

မြန်မာ၊ ထိုင်းနှင့် လာအို (၃)နိုင်ငံနယ်စပ်ဖြစ်သည့် လာအိုနိုင်ငံ မြောက်ပိုင်း ဘိုကီရာတွင် တရုတ် ရင်းနှီးမြုပ်နှံမှုဖြင့် အထူးစီးပွားရေး ဇုန်ဖေါ်ဆောင်လုပ်ကိုင်ခွင့် (၉၉)နှစ်အထိ ခွင့်ပြုထားသည့်နေရာတွင် ကာစီနိုလောင်းကစားရုံ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကိုယ်ပိုင်လုံခြုံရေးအဖွဲ့များဖြင့် လုပ်ငန်းလည်ပတ်နေကြခြင်း ဖြစ်သည်။

Tachileik News Agency

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
လာအိုႏုိင္ငံရိွ ကာစီႏိုရံုတြင္ လုပ္ခလစာခံစားခြင့္ အျပည့္အဝရရိွေရးအတြက္ ျမန္မာႏွင့္လာအိုဝန္ထမ္း (၃၀၀)ေက်ာ္ ဆႏၵျပေတာင္းဆို

လာအိုႏုိင္ငံ ေရႊႀတိဂံနယ္ေျမအတြင္း တရုတ္ရင္းႏွီးျမဳပ္ႏွံမႈလုပ္ငန္းျဖစ္သည့္ Kings Romans Casino ၌ ျမန္မာ ဝန္ထမ္း (၂၀၀) ေက်ာ္ႏွင့္ လာအို ဝန္ထမ္း(၁၀၀)ေက်ာ္တုိ႔က လုပ္အားခတိုးေပးရန္ႏွင့္ ရသင့္သည့္ ႏွစ္တိုး ဆုေၾကးမ်ားေပးအပ္ရန္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ ေတာင္းဆိုေနၾကသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္တစ္ဖက္ကမ္းရိွ လာအိုႏုိင္ငံဘက္ျခမ္းတြင္ ဖြင့္လွစ္ထားသည့္ တရုတ္ကာစီႏိုရံု၌ ျမန္မာႏုိင္ငံသားအမ်ားအျပား သြားေရာက္အလုပ္လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။

“လစာက အရင္(၁၀)ႏွစ္ေလာက္ကတည္းက ေပးတဲ့အတုိင္းပဲ။ အခုဆို ဘတ္ေငြေစ်းနဲ႔ဆိုေတာ့ လစာက နည္းသြားၿပီ။ ေနာက္ၿပီး အရင္ကေပးတဲ့ ႏွစ္ေၾကးေတြကလည္း အခုမေပးေတာ့ဘူး။ ဒီမွာက အနည္းဆံုး (၃)ႏွစ္ကေန တစ္ခ်ိဳ႕ဆို (၈)ႏွစ္ေက်ာ္အထိ ရိွတယ္။ အဲဒါကို ႏွစ္ေၾကး(ႏွစ္စဥ္ဆုေၾကး) မေပးဘူး။ ႏွစ္လ၊သံုးလရိွၿပီ။ မေန႔က သူတုိ႔ကိုေျပာတယ္။ အဆင္မေျပဘူး။ ဒါေၾကာင့္  ဒီေန႔ဆို ကာစီႏိုက ဖဲေဝတာမွာ အေယာက္ (၃၀၀)ေက်ာ္ေလာက္ရိွတာ။ အကုန္ခံုမွာထုိင္ေနရင္းကေန အကုန္ထြက္လာၾကတာ။ ေန႔ဆိုင္း ညဆုိင္းအားလံုး ဒီေန႔လူစုၾကတာ”ဟု လာအိုေရႊႀတိဂံဇုန္တြင္ ေရာက္ေနသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လာအိုႏုိင္ငံ ဘိုကီရာအထူးစီးပြားေရးဇုန္အတြင္းရိွ Kings Romans Casino တြင္ ဖဲေဝသည့္ဝန္ထမ္း (၃၆၀) ရိွသည့္အနက္ ျမန္မာ (၂၀၀)ေက်ာ္ပါဝင္ေၾကာင္း သိရသည္။

အဆိုပါကာစီႏုိရိွ ဖဲေဝသည့္ဝန္ထမ္းမ်ားမွာ ၎တို႔ခံစားခြင့္ရိွသည့္ ႏွစ္တိုးဆုေၾကးေငြအား အလုပ္ရွင္ဘက္မွ မေပးေခ်ေတာ့ျခင္းႏွင့္ လုပ္ခလစာနည္းလာျခင္းတုိ႔ေၾကာင့္ တင္ျပခဲ့ရာ ညိႇႏိႈင္းေပးျခင္းမရိွသျဖင့္ ေအာက္တိုဘာလ (၁၉)ရက္ေန႔ နံနက္ပိုင္းကတည္းကစ၍ ကာစီႏိုအတြင္း အလုပ္မလုပ္ေတာ့ဘဲ ဆႏၵထုတ္ေဖၚေနၾကျခင္းျဖစ္သည္ဟု သိရသည္။

“အစက အကုန္လံုး အထဲကိုမဝင္ဘူး။ ေနာက္ကာစီႏိုသူေဌး ေရာက္လာေတာ့ လာအို (၃)ေယာက္၊ ျမန္မာ(၃)ေယာက္ တရုတ္စကားကၽြမ္းက်င္တဲ့သူေတြ ေခၚသြားၿပီး ေဆြးေႏြးတယ္။ ႏွစ္နာရီေက်ာ္ၾကာတယ္။ အစက မန္ေနဂ်ာက မညိႇဘူး။ မင္းတုိ႔ေတြ ဆက္လုပ္ခ်င္တဲ့သူ ဘယ္ႏွစ္ေယာက္ရိွလဲ။ ရိွရင္ရိွတဲ့သူနဲ႔ပဲ ဆက္လုပ္မယ္လုိ႔ေျပာတယ္။ အားလံုး ဘယ္သူမွ မလုပ္ဘူးဆိုမွ အျပင္ထြက္လာၾကတယ္။ ေနာက္ဆံုးအထဲမွာ ဖဲေဝတဲ့ လာအို(၂)ေယာက္နဲ႔ ျမန္မာ(၁)ေယာက္ကို ေပးမထြက္ဘဲ သူတုိ႔ကို လံုၿခံဳေရးေတြနဲ႔ တားထားလုိက္တယ္။ သူတုိ႔အခုအစည္းအေဝးၿပီးတဲ့အခါမွာ (၅)ရက္ေစာင့္ေပးလို႔ ေျပာတယ္”ဟု လာအိုေရႊႀတိဂံဇုန္တြင္ ေရာက္ေနသူတစ္ဦးက ေျပာသည္။

ျမန္မာ၊ ထုိင္းနွင့္ လာအို (၃)ႏုိင္ငံနယ္စပ္ျဖစ္သည့္ လာအိုႏုိင္ငံ ေျမာက္ပိုင္း ဘိုကီရာတြင္ တရုတ္ ရင္းနွီးျမဳပ္ႏွံမႈျဖင့္ အထူးစီးပြားေရး ဇုန္ေဖၚေဆာင္လုပ္ကိုင္ခြင့္ (၉၉)ႏွစ္အထိ ခြင့္ျပဳထားသည့္ေနရာတြင္ ကာစီႏိုေလာင္းကစားရံု ဖြင့္လွစ္ထားျခင္းျဖစ္ၿပီး ကိုယ္ပိုင္လံုၿခံဳေရးအဖြဲ႕မ်ားျဖင့္ လုပ္ငန္းလည္ပတ္ေနၾကျခင္း ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net