ရှမ်း(မြောက်)အတွင်း တိုက်ပွဲရှောင်များနှင့် မွန်ပြည်နယ်အတွင်းရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ရှာဖွေ လှူဒါန်းခဲ့ကြသည့် တာချီလိတ်မှ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအား ပြည်နယ်အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

ရှမ်း(မြောက်)အတွင်း တိုက်ပွဲရှောင်များနှင့် မွန်ပြည်နယ်အတွင်းရေဘေးသင့်ပြည်သူများအတွက် အလှူငွေ ရှာဖွေ လှူဒါန်းခဲ့ကြသည့် တာချီလိတ်မှ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များအား ပြည်နယ်အစိုးရက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်
စကျတငျဘာ 12, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တိုက်ပွဲရှောင်များနှင့် မွန်ပြည်နယ်အတွင်းရေဘေးသင့်ပြည်သူများအတွက် အလှူငွေပံ့ပိုးပေးခဲ့ကြသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တာချီလိတ်မှ ယခုလို အလှူငွေများ လှူဒါန်းပေးလိုက်နိုင်သည့်အတွက်   ရှမ်းပြည်နယ်အစိုးရအနေအနေဖြင့်လည်း ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လှူဒါန်းမှုများ၌ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့၏ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်များကိုလည်း မြင်တွေ့ရကြောင်း၊ နောက်နောင်များမှာလည်း အခုလို လက်တွဲကူညီပေးနိုင်ရန်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှလည်း ယခုလို ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားအဖြစ် ပြောကြားသွားသည်။




မွန်ပြည်နယ်တွင် သြဂုတ်လ ပထမပတ်က ရေကြီး၊ မြေပြိုမှုများနှင့် ကြုံခဲ့ရသည့် ပြည်သူများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ (၁၅)ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲရှောင်ရသူ ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းခဲ့ကြရာတွင် ရှမ်းပြည်နယ်တစ်ခုလုံးတွင် တာချီလိတ်မှ ပြည်သူများ ပါဝင်သည့် စုပေါင်းလှူဒါန်းမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တိုက်ပွဲရှောင်များနှင့် မွန်ပြည်နယ်အတွင်းရဘေးသင့်ပြည်သူများအတွက် အလှူငွေပံ့ပိုးပေးခဲ့ကြသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ပြည်နယ်အစိုးရအဖွဲ့က ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက တာချီလိတ်မှ ယခုလို အလှူငွေများ လှူဒါန်းပေးလိုက်နိုင်သည့်အတွက် ရှမ်းပြည်နယ်အစိုးရအနေအနဖြေင့်လည်း ဂုဏ်ယူမိပါကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် လှူဒါန်းမှုများ၌ အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့၏ ပါဝင်ကူညီဆောင်ရွက်ခဲ့သည်များကိုလည်း မြင်တွေ့ရကြောင်း၊ နောက်နောင်များမှာလည်း အခုလို လက်တွဲကူညီပေးနိုင်ရန်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှလည်း ယခုလို ဆက်လက်ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားအဖြစ် ပြောကြားသွားသည်။

ဂုဏ်ပြုမှတ်တမ်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း အပါအဝင် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက အလှူငွေများရှာဖွေလှူဒါန်းခဲ့ကြသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှ တိုက်ပွဲရှောင်များနှင့် မွန်ပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် တာချီလိတ်မြို့မှ အလှူရှင်များက (၃)ကြိမ်အလှူငွေများ ပေးအပ်လှူဒါန်းကြရာတွင် စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၆၂၄)သိန်းကျော် လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

"တာချီလိတ်မှာရှိတဲ့ မြို့မိမြို့ဖတွေရော၊ လူမှုရေးအသင်းအဖွဲ့တွေရော စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လှူဒါန်းနိုင်ခဲ့ကြပါတယ်။ ရေဘေးသင့်အလှူငွေလှူဒါန်းတဲ့ ပထမအကြိမ်တုန်းကလည်း နီးစပ်တဲ့သူတွေဆီကို အလှူခံလိုက်တဲ့အချိန်မှာ (၁၃၂)သိန်း ရပါတယ်။ ဒုတိယအကြိမ်မှာလည်း အထက (တာချီလိတ်) ကျောင်းသူကျောင်းသားဟာင်းများ ဦးဆောင်ပြီး ရန်ပုံငွေရှာတဲ့အဖွဲ့နဲ့အတူ လုပ်ငန်းရှင်တွေက စုပေါင်းလှူဒါန်းကြတာ (၄၃၄)သိန်းကျော်၊ တတိယအကြိမ်မှာလည်း ရွှေတာချီနဲ့ ပန်းသေး ဗလီဂေါပကအဖွဲ့တို့က လှူဒါန်းကြတာ (၁၂)သိန်းကျော်ရတဲ့ အားလုံးကို ရှမ်းပြည်နယ်အစိုးရကို လှူဒါန်းလိုက်ပါတယ်။ မွန်ပြည်နယ်မှာ သဘာဝရေဘေးဖြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း တိုက်ပွဲရှောင်တွေရှိတဲ့အတွက် လှူဒါန်းတဲ့သူတွေကို ဒုတိယအကြိမ်လှူဒါန်းရာမှာ ဒါကိုပြောပြတော့ တိုက်ပွဲရှောင်ပြည်သူတွေနဲ့ ရေဘေးကို တစ်ဝက်စီခွဲပြီး လှူဒါန်းနိုင်ခဲ့ပါတယ်။ အားလုံးပဲ စုပေါင်းလှူဒါန်းနိုင်ခဲ့ကြတဲ့ အတွက်ကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်ရခြင်းဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အခမ်းအနားတွင် ရှင်းလင်းပြောကြားခြင်း ဖြစ်သည်။

မွန်ပြည်နယ်တွင် သြဂုတ်လ ပထမပတ်က ရကြေီး၊ မြပြေိုမှုများနှင့် ကြုံခဲ့ရသည့် ပြည်သူများနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် သြဂုတ်လ (၁၅)ရက်နေ့က ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲရှောင်ရသူ ပြည်သူများအတွက် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် လှူဒါန်းခဲ့ကြရာတွင် ရှမ်းပြည်နယ်တစ်ခုလုံးတွင် တာချီလိတ်မှ ပြည်သူများ ပါဝင်သည့် စုပေါင်းလှူဒါန်းမှုမှာ အများဆုံးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net