ရွာငံ ရေပြာအိုင် အ၀င်လမ်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် စိန်ပန်းပြာ အပင် (၂၀၀)စုပေါင်း စိုက်ပျိုး
ရွာငံ ရေပြာအိုင် အ၀င်လမ်းတွင် ဒုတိယအကြိမ်မြောက်အဖြစ် စိန်ပန်းပြာ အပင် (၂၀၀)စုပေါင်း စိုက်ပျိုး
ဇှနျ 30, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်အတွင်း ရေပြာအိုင်အ၀င်လမ်း လမ်းဘေး ၀ဲ၊ ယာတစ်လျှောက်တွင် လမ်းဖောက်လုပ်လှူဒါန်းနေသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဒေသခံရွာသူ၊ ရွာသားများ ပူးပေါင်းကာ ဒုတိယအကြိမ်စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းအဖြစ် စိန်ပန်းပြာ အပင်(၂၀၀)အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရေပြာအိုင်သို့သွားရာ အ၀င်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက်ကတ္တရာလမ်းအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်မှစတင်ခင်းကျင်းလှူဒါန်းနေပြီး လမ်းဘေးဝဲယာ သာယာလှပရေး အတွက် စိန်ပန်းပြာနှင့် ချယ်ရီပင်များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ၀င်းမင်းဌေး
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ်အတွင်း ရပြောအိုင်အဝင်လမ်း လမ်းဘေး ဝဲ၊ ယာတစ်လျှောက်တွင် လမ်းဖောက်လုပ်လှူဒါန်းနေသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီနှင့် ဒေသခံရွာသူ၊ ရွာသားများ ပူးပေါင်းကာ ဒုတိယအကြိမ်စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းအဖြစ် စိန်ပန်းပြာ အပင်(၂၀၀)အား စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
"ရပြောအိုင်အဝင်လမ်းမှာ စိုက်တာပါ။ အပင် (၂၀၀) စိုက်တာဗျ။ ချယ်ရီနဲ့ စိန်ပန်းပြာပင်တွေပေါ့။ တောကျယ်ရွာက ရွာသူ၊ ရွာသားတွေနဲ့ ပေါင်းပြီးစိုက်တာပေါ့။ ပထမအကြိမ်စိုက်တာနဲ့ဆိုရင် အပင် (၅၀၀) ရှိသွားပြီ"ဟု တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကိုဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်း - ရွာငံသွား လမ်းမကြီးပေါ် ရပြောအိုင်သို့သွားရာ အဝင်လမ်း (၁) မိုင်အရှည်ကို တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်သိန်းပေါင်း (၁,၈၅၈) အကုန်အကျခံကာ ကျောက်ကတ္တရာလမ်းအဖြစ် ၂၀၁၉ ခုနှစ် ဇွန်လ (၃) ရက်မှစတင်ခင်းကျင်းလှူဒါန်းနပြေီး လမ်းဘေးဝဲယာ သာယာလှပရေး အတွက် စိန်ပန်းပြာနှင့် ချယ်ရီပင်များကို စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
မိတ္တီလာ - ကလော - တောင်ကြီးလမ်းပိုင်းအား BOT စနစ်ဖြင့် လမ်းဆောက်လုပ်ခွင့်ရရှိထားသည့် တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက ကလော - တောင်ကြီးအကြား စိန်ပန်းပြာများ အပါအဝင် ရေသင်းဝင် နှင့် ခါတော်မှီ အပင်ပေါင်း (၂၀,၆၀၀)နှင့် တောင်စောင်းများတွင် ဘာတီဘာမြက် (၂၅၀)တို့ကို ၂၀၁၉ခုနှစ် ဇွန်လ(၂၉)ရက်နေ့အထိ စိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးခဲ့ပြီးသည့် သစ်ပင်များအား ရေရှည်ရှင်သန်ကြီးထွားရေး နှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအပိုင်းနှင့် ပတ်သက်၍ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီက တာဝန်သွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ဝင်းမင်းဌေး
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net