တာလေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားဓမ္မာရုံ ပြုပြင်ရန်အတွက် ရပ်နီးရပ်ဝေးမှ အလှူရှင်များ ပါဝင်လှူဒါန်းနိုင်

တာလေမြို့ရှိ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားဓမ္မာရုံ ပြုပြင်ရန်အတွက် ရပ်နီးရပ်ဝေးမှ အလှူရှင်များ ပါဝင်လှူဒါန်းနိုင်
ဇှနျ 22, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်းကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားဓမ္မာရုံကို ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ရာ ရပ်နီးရပ်ဝေးမှ အလှူရှင်များအနေဖြင့် ဘဏ်မှဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ထည့်ဝင်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

အဆိုပါ ဘုရားဓမ္မာရုံမှာ နှစ်သက်တမ်းကြာမြင့်မှု၊ ၂၀၀၄ ခုနှစ်၊ တာလေငလျင်ဘေးဒဏ်ခံရမှုတို့ကြောင့် ပျက်စီး ယိုယွင်းလာသဖြင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် မိုင်းဖုန်းဆရာတော်ဘုရားကြီးတို့၏ သြဝါဒ မိန့်ကြားချက်အရ ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓမ္မာရုံပြင်ဆင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သိန်း(၄၀၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ပါဝင်လှူဒါန်းနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာလေမြို့အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့တို့က အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမ္မာရုံအား ရပ်နီးမှ အလှူရှင်များအနေဖြင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်စေ၊ တာလေမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်စေ၊  မိုင်းလင်းကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားသို့ လာရောက်၍ ဖြစ်စေ လှူဒါန်းနိုင်ပြီး ဘဏ်များက တဆင့် လှူဒါန်းလိုပါက KBZ Bank Acc: 00630299916321502 သို့ ထည့်ဝင်လှူဒါန်းနိုင်ပြီး KBZ ဘဏ်နံပါတ်မှာ KBZ Mobile Banking မှ တဆင့်လည်း လွှဲပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။


သမိုင်းထဲက သမိုင်း

တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်မွေချောင်းအနီးတွင် တည်ရှိပြီး ရှေးဟောင်းလန့်တောင်းဘုရားနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသည်ကို မတွေ့ရဘဲ လက်ဆင့်ကမ်း သယ်ဆောင်လာသည့် နှုတ်ပြောသမိုင်းများ ကွဲပြားစွာရှိနေခြင်းဖြစ်သည်ကို တွေ့ရသည်။

အဆိုပါ ဘုရားသို့ ၁၉၉၄ ခုနှစ်အတွင်းက ထိုင်းဘုရင့်သမီးတော် သီရိဒုံအလည်အပတ်လာသည့် ခရီးစဉ်တွင် ဘုရားသမိုင်းကြောင်း မျှဝေနိုင်ရေးအတွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ လမ်းညွှန်မှုဖြင့် အမှတ်(၃၁၆) ခြေမြန်တပ်ရင်းက  လန့်တောင်းဘုရားဂေါပကလူကြီးများနှင့် သက်ကြီးရွယ်အိုများဖြင့် တွေ့ဆုံ မေးမြန်းပြုစုသည့် နှုတ်ပြောသမိုင်းကို တွေ့ရသည်။

လန့်တောင်းဆင်းတုတော်မှာ ထိုင်းနိုင်ငံ ကျင်းဆန်မြို့လူထုက ထုလုပ်ပူဇော်သည့် ဆင်းတုတော် သုံးဆူအနက် တစ်ဆူဖြစ်ပြီး ကျင်းဆန်မြို့ရှိ ဆင်းတုတော်မှာ လက်ရှိအချိန်ထိ ကိန်းဝပ်စံပယ်တော်မူနေပြီး မဲခေါင်မြစ်ကမ်းတွင် ကိန်းဝပ်ခဲ့သည့် ဆင်းတုတော်မှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။



ယင်းနောက် ၁၉၄၂ ခုနှစ်တွင် ဂျပန်များ သိမ်းပိုက်ပြီးနောက် လန့်တောင်းတောင်မှ ဆင်းတုတော် ငယ်များကို ယူဆောင်သွားကြပြီး ၁၉၄၉ ခုနှစ်တွင် ယိုယွင်းနေသည့် ကျောင်းဆောင်အား ဦးဖားခန်းနန်းဆိုသူက ပြုပြင်ခဲ့ကာ ၁၉၇၄ ခုနှစ်တွင် တာချီလိတ်မြို့မှ ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ လှူဒါန်းမှုဖြင့် အုတ်/အင်္ဂတေကျောင်းဆောင် ဆောက်လုပ်ခဲ့ကြကြောင်း ဖေါ်ပြထားသည်။

၁၉၉၀ ခုနှစ်တွင် ကျောင်းဆောင်ကြမ်းပြင် ကြွေပြားခင်းခြင်းနှင့်အတူ တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ဦးဆောင်၍ ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်းကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားဓမ္မာရုံကို ၂၀၁၈ ခုနှစ်အတွင်း အသစ်ပြန်လည် တည်ဆောက်မည်ဖြစ်ရာ ရပ်နီးရပေ်ဝးမှ အလှူရှင်များအနဖြေင့် ဘဏ်မှဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ ထည့်ဝင်လှူဒါန်းနိုင်ကြကြောင်း သိရသည်။

အဆိုပါ ဘုရားဓမ္မာရုံမှာ နှစ်သက်တမ်းကြာမြင့်မှု၊ ၂၀၀၄ ခုနှစ်၊ တာလေငလျင်ဘေးဒဏ်ခံရမှုတို့ကြောင့် ပျက်စီး ယိုယွင်းလာသဖြင့် နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် မိုင်းဖုန်းဆရာတော်ဘုရားကြီးတို့၏ သြဝါဒ မိန့်ကြားချက်အရ ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဓမ္မာရုံပြင်ဆင်ရန်အတွက် ခန့်မှန်းကုန်ကျစရိတ်မှာ ကျပ်သိန်း(၄၀၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး အနယ်နယ် အရပ်ရပ်မှ ပါဝင်လှူဒါန်းနိုင်ရန် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၂)ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ တာလမြေို့အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဂေါပကအဖွဲ့တို့က အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓမ္မာရုံအား ရပ်နီးမှ အလှူရှင်များအနဖြေင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်စေ၊ တာလမြေို့အုပ်ချုပ်ရေးမှူးရုံးတွင် ဖြစ်စေ၊ မိုင်းလင်းကျေးရွာအုပ်စု၊ ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားသို့ လာရောက်၍ ဖြစ်စေ လှူဒါန်းနိုင်ပြီး ဘဏ်များက တဆင့် လှူဒါန်းလိုပါက KBZ Bank Acc: 00630299916321502 သို့ ထည့်ဝင်လှူဒါန်းနိုင်ပြီး KBZ ဘဏ်နံပါတ်မှာ KBZ Mobile Banking မှ တဆင့်လည်း လွှဲပို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

 ရှေးဟောင်းသမိုင်းဝင် လန့်တောင်းဘုရားဓမ္မာရုံပြုပြင်ခြင်း နှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းလို၍ ဖြစ်စေ လှူဒါန်းလို၍ ဖြစ်စေ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဖုန်း 09452808044 နှင့် ဦးစိုင်းသန့်ဇင်လတ် ဖုန်း 09250475005 သို့လည်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

သမိုင်းထဲက သမိုင်း

တာချီလိတ်မြို့နယ်၊ မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စု၊ နမ့်မွေချောင်းအနီးတွင် တည်ရှိပြီး ရှေးဟောင်းလန့်တောင်းဘုရားနှင့် ပတ်သက်၍ မှတ်တမ်းတင်ထားသည်ကို မတွေ့ရဘဲ လက်ဆင့်ကမ်း သယ်ဆောင်လာသည့် နှုတ်ပြောသမိုင်းများ ကွဲပြားစွာရှိနခြေင်းဖြစ်သည်ကို တွေ့ရသည်။

အဆိုပါ ဘုရားသို့ ၁၉၉၄ ခုနှစ်အတွင်းက ထိုင်းဘုရင့်သမီးတော် သီရိဒုံအလည်အပတ်လာသည့် ခရီးစဉ်တွင် ဘုရားသမိုင်းကြောင်း မျှဝေနိုင်ရေးအတွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၏ လမ်းညွှန်မှုဖြင့် အမှတ်(၃၁၆) ခြမြေန်တပ်ရင်းက လန့်တောင်းဘုရားဂေါပကလူကြီးများနှင့် သက်ကြီးရွယ်အိုများဖြင့် တွေ့ဆုံ မေးမြန်းပြုစုသည့် နှုတ်ပြောသမိုင်းကို တွေ့ရသည်။

လန့်တောင်းဆင်းတုတော်မှာ ထိုင်းနိုင်ငံ ကျင်းဆန်မြို့လူထုက ထုလုပ်ပူဇော်သည့် ဆင်းတုတော် သုံးဆူအနက် တစ်ဆူဖြစ်ပြီး ကျင်းဆန်မြို့ရှိ ဆင်းတုတော်မှာ လက်ရှိအချိန်ထိ ကိန်းဝပ်စံပယ်တော်မူနပြေီး မဲခေါင်မြစ်ကမ်းတွင် ကိန်းဝပ်ခဲ့သည့် ဆင်းတုတော်မှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်အတွင်း နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

အခြားနှုတ်ပြောသမိုင်းတစ်ခုမှာ ခန့်မှန်း သက္ကရာဇ် (၉၀၀)ခန့်တွင် ထိုင်းနိုင်ငံမှ မြို့စားတစ်ဦးက ဆင်းတုတော်သုံးဆူ ထုလုပ်ကာကာ မဲခေါင်မြစ်အတိုင်း ဆန်တက်ပြီး ထိုင်းနိုင်ငံ ကျင်းရှဲန်မြို့တွင် တစ်ဆူ ကိုးကွယ်ခဲ့ရာ မယ်ခေါင်မြစ်ရေတွင် နစ်မြုပ်သွားကြောင်း၊ ကျန်နှစ်ဆူအနက် မြန်မာနိုင်ငံ ဝမ်ကျင်းရွာတွင် ဒုတိယတစ်ဆူနှင့် ယခု လန့်တောင်းတွင် တစ်ဆူ ကိုးကွယ်ခဲ့ရာ လန့်တောင်းတောင်မှ ဆင်းတုတော်မှာ မှောက်တော်မူစံပယ်နေသဖြင့် ဒေသခံများက ထူမတ်ရန်ကြိုးစားကြသော်လည်း မအောင်မြင်ဘဲရှိနေစဉ် အခြားဒေသမှ အသက် (၁၄)နှစ်အရွယ် ကိုရင်တစ်ပါးရောက်လာပြီးနောက် ဆင်းတုတော်မှာ အလို လိုထူမတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ယင်းအချိန်မှစ၍ ဆင်းတုတော်ကိန်းဝပ်ရန် သက်ကယ်၊ ဝါးတို့ဖြင့် ကျောင်းဆောင် ဆောက်လုပ် ခဲ့ကြခြင်းဖြစ်ပြီး ယင်းမှတဖြည်းဖြည်း ကျောင်းဆောင်ကိုပြုပြင်လာရာ နောက်ဆုံးတွင် သစ်သား ကျောင်းဆောင်ကို လှူဒါန်းခဲ့ကြသည်ဟု ဆိုသည်။

ယင်းနောက် ၁၉၄၂ ခုနှစ်တွင် ဂျပန်များ သိမ်းပိုက်ပြီးနောက် လန့်တောင်းတောင်မှ ဆင်းတုတော် ငယ်များကို ယူဆောင်သွားကြပြီး ၁၉၄၉ ခုနှစ်တွင် ယိုယွင်းနေသည့် ကျောင်းဆောင်အား ဦးဖားခန်းနန်းဆိုသူက ပြုပြင်ခဲ့ကာ ၁၉၇၄ ခုနှစ်တွင် တာချီလိတ်မြို့မှ ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများ လှူဒါန်းမှုဖြင့် အုတ်/အင်္ဂေတကျောင်းဆောင် ဆောက်လုပ်ခဲ့ကြကြောင်း ဖော်ပြထားသည်။

၁၉၉၀ ခုနှစ်တွင် ကျောင်းဆောင်ကြမ်းပြင် ကြွပြေားခင်းခြင်းနှင့်အတူ တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်ဦးဆောင်၍ ဘက်စုံဖွံ့ဖြိုးရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မှတ်တမ်းတွင် ၁၉၇၅ ခုနှစ်က ဘုရားမကိုဋ်ခိုးယူခံရပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ်မှ ဘတ်ငွေနှစ်သောင်းဖြင့် ပြန်ရွေး သယ်ဆောင်ခဲ့ရသည်ကို ဖော်ပြထားပြီး ၁၉၇၈ ခုနှစ်က ရှမ်းပြည်နယ်အတွင်း ဗကပနှင့် တာလေရှိ အမှတ်(၅) ကချင်သေနတ်ကိုင်တပ်ရင်းတို့ တိုက်ပွဲဖြစ်ခါနီးတွင် လန့်တောင်းဘုရားကုန်းမှာ မြူများအုံ့ဆိုင်းပြီး ပျောက်ကွယ်သွားသဖြင့် ဘုရားတောင်ကုန်းကို ဗကပတို့ သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ကြောင်း နှုတ်ပြောသမိုင်းကိုလည်း ဖော်ပြထားသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~