သႀကၤန္ကာလလအတြင္း ခရီးသည္တင္ ယာဥ္လုိင္းမ်ား ယာဥ္စီးခ ပိုမိုမေကာက္ခံေရး လားရႈိးတြင္ ပူးေပါင္း စစ္ေဆး

သႀကၤန္ကာလလအတြင္း ခရီးသည္တင္ ယာဥ္လုိင္းမ်ား ယာဥ္စီးခ ပိုမိုမေကာက္ခံေရး လားရႈိးတြင္ ပူးေပါင္း စစ္ေဆး
မတ် 25, 2019
By Tachileik News Agency

အေ၀းေျပးယာဥ္လိုင္းမ်ားအေနျဖင့္ သႀကၤန္ကာလအတြင္း ခရီးသည္မ်ားအေပၚ ယာဥ္စီးခႏႈန္းထားမ်ား ပိုမို ေကာက္ခံျခင္း မရွိရန္ ႏွင့္ ေကာက္ခံမႈမျပဳလုပ္ရန္ အျပင္ ယာဥ္တြင္ ပါရွိရမည့္ အေရးေပၚ ပစၥည္းမ်ား ထားျခင္းရွိ မရွိကို   ပူးေပါင္းအဖြဲ႔ျဖင့္ လားရိႈးၿမိဳ႕ရွိ နားမေခၚကားႀကီးကြင္းအတြင္း ၂၀၁၉ခုႏွစ္ မတ္လ(၂၅)ရက္ေန႔ ညေနပိုင္းက ေရွာင္တခင္ ၀င္ေရာက္စစ္ေဆးခဲ့ၾကသည္။

"အဓိက ကေတာ့ သႀကၤန္ကာလမွာ လက္မွတ္ခေတြ ပိုေတာင္းတတ္တာေတြရွိတဲ့အတြက္ အဖြဲ႔စံုနဲ႔စစ္ေဆးတာ ျဖစ္ပါတယ္၊ ခရီးသည္တင္ယာဥ္ေတြက ယာဥ္ေမာင္းေတြ၊ ယာဥ္ေနာက္လိုက္ေတြမွာ သက္ဆိုင္တဲ့လိုင္စင္ေတြ ရွိမရွိ၊ ပါမပါစစ္ေဆးတယ္၊ ယာဥ္အတြင္းပါဝင္ရမယ့္ မီးသတ္ေဆးဗူးနဲ႔ မွန္ခြဲကိရိယာေတြ စံုလင္စြာပါရွိမရွိကို လည္း တစ္ပါတည္းစစ္ေဆးတာျဖစ္ပါတယ္" ဟု လားရိႈးၿမိဳ႕ နားမေခၚကားကြင္း( ၿမိဳ႕ျပင္ကားကြင္း )ရွိ ယာဥ္လိုင္း ေပါင္းစံု ႀကီးၾကပ္ေရးဌာန (ယလက)မွ တာဝန္ရွိသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

လားရိႈးၿမိဳ႕  ( ၿမိဳ႕ျပင္ကားႀကီးကြင္း) နားမေခၚကားကြင္းမွ တဆင့္ အနယ္နယ္အရပ္ရပ္သို႔ ထြက္ခြာေျပးဆြဲေနသည့္ ခရီးသည္တင္ EXPRESS  ယာဥ္မ်ား၊ ခရီးသည္တင္ယာဥ္ငယ္မ်ားတြင္ သႀကၤန္ကာလအတြင္း ယာဥ္စီးခ/ လက္မွတ္ခ ပိုမိုေကာက္ခံျခင္းရွိမရွိကို အဓိကစစ္ေဆးျခင္းျဖစ္သည္။

စစ္ေဆးေရးအဖြဲ႔တြင္ လားရိႈးၿမိဳ႕ နားမေခၚကားကြင္းရွိ ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးဌာန ႏွင့္ ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဌာန၊ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႔၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ စားသံုးသူေရးရာဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔(နားမေခၚရဲကင္း)၊ ကုန္းလမ္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန တို႔မွ တာဝန္ရွိသူမ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ ပါဝင္ၾကသည္။

ယာဥ္မ်ားအား စစ္ေဆးရာတြင္ အေရးေပၚအသံုးျပဳရမည့္ မီးသတ္ေဆးဗူးမ်ား ေကာင္းမြန္မႈမရွိျခင္း၊ မီးသတ္ေဆးဗူး မတပ္ဆင္ထားျခင္း၊ မွန္ခြဲကိရိယာမ်ားပါဝင္မႈရွိ မရွိ၊ ယာဥ္ေမာင္းႏွင့္ ခရီးသည္ထိုင္ခံုမ်ားတြင္ ထိုင္ခံုခါးပတ္ ပါဝင္မႈရွိ မရွိတို႔ကို စစ္ေဆးျခင္းျဖစ္ၿပီး အဆိုပါပစၥည္းမ်ားမပါဝင္ပါက တပ္ဆင္ပါဝင္ေစရန္ညႊန္ၾကားျခင္း၊ ယာဥ္ေမာင္း ယာဥ္ေနာက္လိုက္အခ်ိဳ႕တြင္ ယာဥ္ေမာင္းလိုင္စင္ မပါဝင္ပဲ ယာဥ္ေပၚတြင္တာဝန္ထမ္းေဆာင္ ေနျခင္းမ်ားကိုေတြ႔ရွိပါက ခံဝန္ကတိထိုးခိုင္းျခင္းတို႔ကို ျပဳလုပ္ေစခဲ့ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ၂၀၁၈ ခုႏွစ္ သႀကၤန္ကာလက နားမေခၚကားကြင္းျပင္ပရွိ လားရိႈးမွ မႏၱေလးသို႔ထြက္ခြာေျပးဆြဲေနသည့္ ယာဥ္လိုင္းငယ္တစ္ခုက လက္မွတ္ခ ပိုမိုေကာက္ခံခဲ့ျခင္းအား တိုင္ၾကားသိရွိခဲ့မႈေၾကာင့္ ၂၀၁၈ ဧၿပီလ ကုန္သည္ အထိ ယာဥ္လိုင္းအား ရပ္နားထားေစခဲ့မႈျဖစ္စဥ္ရွိခဲ့ၿပီး နားမေခၚကားကြင္းအတြင္းမွ ယာဥ္လိုင္းမ်ားမွာ လက္မွတ္ခ တိုးျမွင့္ေကာက္ခံမႈ မရွိခဲ့ဖူးေၾကာင္း ယာဥ္လိုင္းေပါင္းစံုႀကီးၾကပ္ေရးဌာန( နားမေခၚကားကြင္း )မွ သိရသည္။

ခရီးသြားျပည္သူမ်ားအေနျဖင့္ ယာဥ္လိုင္းမ်ားမွ လက္မွတ္ခ/ ယာဥ္စီးခ ပိုမိုေကာက္ခံျခင္း ကိုသိရွိရပါက တိုင္းႏွင့္ျပည္နယ္ၿမိဳ႕မ်ားရွိ စားသံုးသူေရးရာဦးစီးဌာနမ်ားသို႔ (ဖုန္း - 067-3418468 ႏွင့္  067-3438495 )တိုင္ၾကားႏိုင္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖဳိးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အေဝးပြေးယာဉ်လိုင်းများအနဖြေင့် သင်္ကြန်ကာလအတွင်း ခရီးသည်များအပေါ် ယာဉ်စီးခနှုန်းထားများ ပိုမို ကောက်ခံခြင်း မရှိရန် နှင့် ကောက်ခံမှုမပြုလုပ်ရန် အပြင် ယာဉ်တွင် ပါရှိရမည့် အရေးပေါ် ပစ္စည်းများ ထားခြင်းရှိ မရှိကို ပူးပေါင်းအဖွဲ့ဖြင့် လားရှိုးမြို့ရှိ နားမခေါ်ကားကြီးကွင်းအတွင်း ၂၀၁၉ခုနှစ် မတ်လ(၂၅)ရက်နေ့ ညနေပိုင်းက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြသည်။

"အဓိက ကတော့ သင်္ကြန်ကာလမှာ လက်မှတ်ခတွေ ပိုတောင်းတတ်တာတွေရှိတဲ့အတွက် အဖွဲ့စုံနဲ့စစ်ဆေးတာ ဖြစ်ပါတယ်၊ ခရီးသည်တင်ယာဉ်တွေက ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေမှာ သက်ဆိုင်တဲ့လိုင်စင်တွေ ရှိမရှိ၊ ပါမပါစစ်ဆေးတယ်၊ ယာဉ်အတွင်းပါဝင်ရမယ့် မီးသတ်ဆေးဗူးနဲ့ မှန်ခွဲကိရိယာတွေ စုံလင်စွာပါရှိမရှိကို လည်း တစ်ပါတည်းစစ်ဆေးတာဖြစ်ပါတယ်" ဟု လားရှိုးမြို့ နားမခေါ်ကားကွင်း( မြို့ပြင်ကားကွင်း )ရှိ ယာဉ်လိုင်း ပေါင်းစုံ ကြီးကြပ်ရေးဌာန (ယလက)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လားရှိုးမြို့ ( မြို့ပြင်ကားကြီးကွင်း) နားမခေါ်ကားကွင်းမှ တဆင့် အနယ်နယ်အရပ်ရပ်သို့ ထွက်ခွာပြေးဆွဲနေသည့် ခရီးသည်တင် EXPRESS ယာဉ်များ၊ ခရီးသည်တင်ယာဉ်ငယ်များတွင် သင်္ကြန်ကာလအတွင်း ယာဉ်စီးခ/ လက်မှတ်ခ ပိုမိုကောက်ခံခြင်းရှိမရှိကို အဓိကစစ်ဆေးခြင်းဖြစ်သည်။

စစ်ဆေးရေးအဖွဲ့တွင် လားရှိုးမြို့ နားမခေါ်ကားကွင်းရှိ ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးဌာန နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဌာန၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့(နားမခေါ်ရဲကင်း)၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တို့မှ တာဝန်ရှိသူများ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ ပါဝင်ကြသည်။
ယာဉ်များအား စစ်ဆေးရာတွင် အရေးပေါ်အသုံးပြုရမည့် မီးသတ်ဆေးဗူးများ ကောင်းမွန်မှုမရှိခြင်း၊ မီးသတ်ဆေးဗူး မတပ်ဆင်ထားခြင်း၊ မှန်ခွဲကိရိယာများပါဝင်မှုရှိ မရှိ၊ ယာဉ်မောင်းနှင့် ခရီးသည်ထိုင်ခုံများတွင် ထိုင်ခုံခါးပတ် ပါဝင်မှုရှိ မရှိတို့ကို စစ်ဆေးခြင်းဖြစ်ပြီး အဆိုပါပစ္စည်းများမပါဝင်ပါက တပ်ဆင်ပါဝင်စေရန်ညွှန်ကြားခြင်း၊ ယာဉ်မောင်း ယာဉ်နောက်လိုက်အချို့တွင် ယာဉ်မောင်းလိုင်စင် မပါဝင်ပဲ ယာဉ်ပေါ်တွင်တာဝန်ထမ်းဆောင် နခြေင်းများကိုတွေ့ရှိပါက ခံဝန်ကတိထိုးခိုင်းခြင်းတို့ကို ပြုလုပ်စေခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် သင်္ကြန်ကာလက နားမခေါ်ကားကွင်းပြင်ပရှိ လားရှိုးမှ မန္တလေးသို့ထွက်ခွာပြေးဆွဲနေသည့် ယာဉ်လိုင်းငယ်တစ်ခုက လက်မှတ်ခ ပိုမိုကောက်ခံခဲ့ခြင်းအား တိုင်ကြားသိရှိခဲ့မှုကြောင့် ၂၀၁၈ ဧပြီလ ကုန်သည် အထိ ယာဉ်လိုင်းအား ရပ်နားထားစေခဲ့မှုဖြစ်စဉ်ရှိခဲ့ပြီး နားမခေါ်ကားကွင်းအတွင်းမှ ယာဉ်လိုင်းများမှာ လက်မှတ်ခ တိုးမြှင့်ကောက်ခံမှု မရှိခဲ့ဖူးကြောင်း ယာဉ်လိုင်းပေါင်းစုံကြီးကြပ်ရေးဌာန( နားမခေါ်ကားကွင်း )မှ သိရသည်။

ခရီးသွားပြည်သူများအနဖြေင့် ယာဉ်လိုင်းများမှ လက်မှတ်ခ/ ယာဉ်စီးခ ပိုမိုကောက်ခံခြင်း ကိုသိရှိရပါက တိုင်းနှင့်ပြည်နယ်မြို့များရှိ စားသုံးသူရေးရာဦးစီးဌာနများသို့ (ဖုန်း - 067-3418468 နှင့် 067-3438495 )တိုင်ကြားနိုင်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net