တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္တြင္ ပေဒသာပင္ (၈၉)ပင္အား မဲႏႈိက္လွဴဒါန္းေပး

တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ စုေပါင္းမဟာဘံုကထိန္တြင္ ပေဒသာပင္ (၈၉)ပင္အား မဲႏႈိက္လွဴဒါန္းေပး
နိုဝင်ဘာ 22, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္တြင္ လွဴဒါန္းထားသည့္ ပေဒသာပင္ေပါင္း (၈၉)ပင္အား ကထိန္ရၿပီးေက်ာင္းတုိက္ (၅၇) ေက်ာင္းအတြက္ မဲႏိႈက္လွဴဒါန္းၿပီး က်န္ပေဒသာပင္မ်ားကို ကထိန္ခင္းရန္ က်န္ေနသည့္ ေက်ာင္းတုိက္ (၁၁)ေက်ာင္းသို႔ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၂)ရက္ေန႔ နံနက္တြင္ လွဴဒါန္းလိုက္သည္။

စုေပါင္းမဟာဘံုကထိန္တြင္ လွဴဒါန္းထားသည့္ ပေဒသာပင္မ်ားအနက္ ပေဒသာပင္ (၅၇)ကို ႏိုဝင္ဘာလ (၂၂)ရက္ေန႔ နံနက္ပိုင္း၌ နဂါးႏွစ္ေက်ာင္းတုိက္တြင္ ဆရာေတာ္ႀကီးမ်ားေရွ႕ေမွာက္တြင္ မဲႏိႈက္ လွဴဒါန္းၿပီးေနာက္ က်န္ပေဒသာပင္ (၃၃)ပင္ကို ကထိန္လ်ာသကၤန္းမကပ္လွဴရေသးသည့္ ေက်ာင္းတုိက္ (၁၁)ခုအား တစ္ေက်ာင္းလွ်င္ ပေဒသာပင္ (၃)ပင္ႏႈန္းျဖင့္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္ရိွ ဓမၼာရံုတြင္ ဆရာေတာ္ႀကီးမ်ားေရွ႕ေမွာက္တြင္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ ႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာတို႔ ပါ၀င္သည့္ သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက မဲႏိႈက္လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

ကထိန္လ်ာသကၤန္းမကပ္လွဴရေသးသည့္ ေက်ာင္းတုိက္(၁၁)ခုျဖစ္သည့္ ဓမၼသစၥာေက်ာင္းတုိက္၊ ဝမ္မုိင္ေက်ာင္းတုိက္၊ ေရႊပါရမီပရဟိတေက်ာင္းတုိက္၊ လယ္တီေတာရေက်ာင္းတုိက္၊ သာသနာ့ရကၡိတ ေက်ာင္းတုိက္၊ ေရလယ္ကၽြန္းသာသနာျပဳေက်ာင္းတုိက္၊ ေဟြလမ္းသာသနာျပဳေက်ာင္းတုိက္၊ က်သဲက်ဘိုသာသနာျပဳေက်ာင္းတုိက္၊ ခါရွဲသာသနာျပဳေက်ာင္းတုိက္၊ က်ဘိုခမ္း သာသနာျပဳေက်ာင္းတုိက္ႏွင့္ ဝမ္က်င္းသာသနာျပဳေက်ာင္းတုိက္မ်ားတြင္ တာခ်ီလိတ္ၿမိဳ႕နယ္၏ (၂၃)ႀကိမ္ေျမာက္ ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္က်င္းပ လွဴဒါန္းျခင္းျဖစ္ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ၿမိဳ႕နယ္စုေပါင္းမဟာဘံုကထိန္တြင္ စုေပါင္းလွဴဒါန္းထားသည့္ ပေဒသာပင္ (၉၀)ပင္၏ စုစုေပါင္းလွဴဒါန္းေငြတန္ဖိုးမွာ ျမန္မာက်ပ္ေငြ (၂,၈၂၇၈,၄၄၃)က်ပ္ ႏွင့္ ထုိင္းဘတ္ေငြ (၇၆၃,၅၂၄)ဘတ္ ရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၏ (၂၃)ကြိမ်မြောက် မြို့နယ်စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းထားသည့် ပဒေသာပင်ပေါင်း (၈၉)ပင်အား ကထိန်ရပြီးကျောင်းတိုက် (၅၇) ကျောင်းအတွက် မဲနှိုက်လှူဒါန်းပြီး ကျန်ပဒေသာပင်များကို ကထိန်ခင်းရန် ကျန်နေသည့် ကျောင်းတိုက် (၁၁)ကျောင်းသို့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်တွင် လှူဒါန်းလိုက်သည်။

စုပေါင်းမဟာဘုံကထိန်တွင် လှူဒါန်းထားသည့် ပဒေသာပင်များအနက် ပဒေသာပင် (၅၇)ကို နိုဝင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်း၌ နဂါးနှစ်ကျောင်းတိုက်တွင် ဆရာတော်ကြီးများရှေ့မှောက်တွင် မဲနှိုက် လှူဒါန်းပြီးနောက် ကျန်ပဒေသာပင် (၃၃)ပင်ကို ကထိန်လျာသင်္ကန်းမကပ်လှူရသေးသည့် ကျောင်းတိုက် (၁၁)ခုအား တစ်ကျောင်းလျှင် ပဒေသာပင် (၃)ပင်နှုန်းဖြင့် တာချီလိတ်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိ ဓမ္မာရုံတွင် ဆရာတော်ကြီးများရှေ့မှောက်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောတို့ ပါဝင်သည့် သက်ဆိုင်ရာ တာဝန်ရှိသူများက မဲနှိုက်လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ကထိန်လျာသင်္ကန်းမကပ်လှူရသေးသည့် ကျောင်းတိုက်(၁၁)ခုဖြစ်သည့် ဓမ္မသစ္စာကျောင်းတိုက်၊ ဝမ်မိုင်ကျောင်းတိုက်၊ ရွှေပါရမီပရဟိတကျောင်းတိုက်၊ လယ်တီတောရကျောင်းတိုက်၊ သာသနာ့ရက္ခိတ ကျောင်းတိုက်၊ ရေလယ်ကျွန်းသာသနာပြုကျောင်းတိုက်၊ ဟွေလမ်းသာသနာပြုကျောင်းတိုက်၊ ကျသဲကျဘိုသာသနာပြုကျောင်းတိုက်၊ ခါရှဲသာသနာပြုကျောင်းတိုက်၊ ကျဘိုခမ်း သာသနာပြုကျောင်းတိုက်နှင့် ဝမ်ကျင်းသာသနာပြုကျောင်းတိုက်များတွင် တာချီလိတ်မြို့နယ်၏ (၂၃)ကြိမ်မြောက် မြို့နယ်စုပေါင်းမဟာဘုံကထိန်ကျင်းပ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် မြို့နယ်စုပေါင်းမဟာဘုံကထိန်တွင် စုပေါင်းလှူဒါန်းထားသည့် ပဒေသာပင် (၉၀)ပင်၏ စုစုပေါင်းလှူဒါန်းငွေတန်ဖိုးမှာ မြန်မာကျပ်ငွေ (၂,၈၂၇၈,၄၄၃)ကျပ် နှင့် ထိုင်းဘတ်ငွေ (၇၆၃,၅၂၄)ဘတ် ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~