အာခါတိုင်းရင်းသူ "မောင်" Miss Planet International Tachileik ဆုရရှိ

အာခါတိုင်းရင်းသူ "မောင်" Miss Planet International Tachileik ဆုရရှိ
ဇနျနဝါရီ 23, 2019
By Tachileik News Agency





ဓါတ်ပုံ - ဟန်စိုးထိုက်



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၌ ကျင်းပသည့် Miss Planet International Tachileik ပြိုင်ပွဲတွင် အာခါတိုင်းရင်းသူ မောင်က Miss Planet International Tachileik ဆု ရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် Miss Planet International Tachileik အဖြစ် မောင်၊ Miss Golden Triangle အဖြစ် အိမွန်အောင်၊ Miss Planet Mong Hpyak အဖြစ် နန်းမိုးဟွမ်၊ Miss Planet Keng Tung အဖြစ် ရွှေယွန်းအိမ်၊ Miss Planet 1st Runner Up အဖြစ် ငုဝါဖူးနှင့် Miss Planet 2nd Runner Up အဖြစ် ဖြိုးစန္ဒီသင်းတို့ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Miss Planet International Tachileik ပြိုင်ပွဲကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မေဖလားဝါးကွင်း အတွင်းရှိ ဟုတ်တက်မင်္ဂလာခန်းမတွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲအား Blessed Myanmar Entertainment Organization က ဦးစီး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~