
ဒီဇငျဘာ 25, 2018
By 🌸


ကျောင်းတက်နေသည့်ကလေးငယ်များအနေဖြင့် ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်စေရန်၊  မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နှင့်  ဗဟှုသုတများတိုးပွားစေရန် ရည်ရွယ်ပြီးပွဲကျင်းပပေးခြင်းဖြစ်ကြောင်း BHS အင်္ဂလိပ်ကျောင်း၏ ကျောင်းအုပ် ဒေါ်သီသီအောင်ထံမှ သိရသည်။

~~~~~~~~⊰❂Unicode Version ~~~~~~~~
တာချီလိတ်မြို့ B.H.S အင်္ဂလိပ်ကျောင်းတွင် ခရစ္စမတ်အကြိုပွဲများ နှစ်ရက်ကြာကျင်းပ
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ B.H.S အင်္ဂလိပ် မူကြိုကျောင်းမှ ကျောင်းသူ၊ကျောင်းသားများနှင့် စနေ၊တနင်္ဂနွေ အင်္ဂလိပ်ကျောင်း ကျောင်းသူ၊ ကျောင်းသားများ၏  ခရစ္စမတ်အကြိုပွဲကို အဆိုပါကျောင်းတွင် နှစ်ရက်တာကျင်းပကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ကလေးငယ်များအတွက် ရာသီအလိုက်ပွဲတော်များကို ကျင်းပပေးနေရာ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်နှင့် (၂၂)ရက်နေ့များတွင် Christmas အကြို ပွဲများကျင်းပရာ B.H.S ဆရာ၊ ဆရာမ များနှင့် ကျောင်းသူ၊ ကျောင်းသားများက ခရစ္စမတ်အကဖြင့်ဖျော်ဖြေတင်ဆက်ခြင်း၊ လက်ဆောင်လဲလှယ်ခြင်း၊ ခရစ္စမတ် အရောင်ခြယ်ပြိုင်ပွဲ၊ ခရစ္စမတ် ပန်းချီပြိုင်ပွဲ ကျင်းပခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ကျောင်းတက်နေသည့်ကလေးငယ်များအနေဖြင့် ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်စေရန်၊  မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်နှင့်  ဗဟုှုသုတများတိုးပွားစေရန် ရည်ရွယ်ပြီးပွဲကျင်းပပေးခြင်းဖြစ်ကြောင်း BHS အင်္ဂလိပ်ကျောင်း၏ ကျောင်းအုပ် ဒေါ်သီသီအောင်ထံမှ သိရသည်။

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~